ရန်ကုန်၊ နိုဝင်ဘာ ၂၂
ကံဘဲ့ဘူတာရုံနှင့် ဘောက်ထော်ဘူတာရုံကြားတွင် အသက် ၂၇ နှစ်အရွယ် လူငယ်တစ်ဦး ရထားတိုက်ခံခဲ့ရပြီး စိုးရိမ်ရကြောင်း မိုးစေတနာ ပရဟိတအသင်း(ရန်ကုန်)မှ သိရသည်။
နိုဝင်ဘာ ၂၁ ရက်၊ နေ့လည် ၁ နာရီ မိနစ် ၅၀ အချိန်ခန့်က ရန်ကင်းမြို့နယ်၊ ကံဘဲ့ဘူတာရုံနှင့် ဘောက်ထော်ဘူတာရုံကြားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ ရပ်ကွက်ထဲကလူတွေပြောပုံအရတော့ သူကလွတ်တယ်ထင်ပြီး ကူးလိုက်တာ။ ပြောရရင် ရှပ်ထိသွားတာပေါ့။ ရထားကြိတ်ခံရရင် ပြတ်ထွက်သွားမှာလေ။ ညာခြေဖမိုး ပြတ်ရှဒဏ်ရာရတယ်။ ဦးခေါင်းကွဲသွားတယ်။ စိုးရိမ်ရတယ်။” ဟု မိုးစေတနာ ပရဟိတအသင်း(ရန်ကုန်)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါလူနာကို မိုးစေတနာ ပရဟိတအသင်း(ရန်ကုန်)ရုံးချူပ်မှ လူနာတင်ယာဥ်ဖြင့် အချိန်မီသွားရောက်ခဲ့ပြီး ဒဏ်ရာရရှိသူကို အရေးပေါ်ကုသမှုပြုလုပ်ပေး၍ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#စုစု
ဓာတ်ပုံ – မိုးစေတနာပရဟိတအသင်း (ရန်ကုန်)
#ယနေ့ခေတ်
ဘောက်ထော်တွင် လူငယ်တစ်ဦး ရထားတိုက်ခံရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်