ဘီးလင်းမြို့တွင် လမ်းပိတ်ဆို့မှု​ကြောင့် စောင့်ဆိုင်းနေသူများကို မြို့ခံများက ​ ထမင်းနှင့် ရေသန့်ဗူးများလှူဒါန်း

ရန်ကုန်၊ မေ ၂၉

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်နှင့် သထုံမြို့ကြား ရန်ကုန်-​မော်လမြိုင်ကားလမ်းမကြီးရှိ မစောတံတားမှဖြတ်သန်းရန် စောင့်ဆိုင်း​နေသူများအား ​မေ ၂၈ ရက်၊ နံနက် ၁၀ နာရီက ဘီးလင်းမြို့ခံ ​စေတနာရှင်ကစု​ပေါင်းပြီး ထမင်းနှင့် ရေသန့်ဗူးအပါအဝင် အစားအစားအချို့ကို လှူဒါန်း​ဝေငှ​​ပေးခဲ့​ကြောင်း သိရသည်။

“ မ​စောတံတားရဲ့ ​မြေသားလမ်းလွဲက နာရီဝက်ခြား ​မောင်းနှင်ခွင့်​ပေးထားရင်းနဲ့ မိုးအရမ်းရွာလို့ ​မြေသား​ပျော့အိလာတယ်။ ဒါ​ကြောင့် ပြုပြင်​ရေး​လုပ်ငန်း​တွေ ပြန်လည်​ဆောင်ရွက်​နေရပါတယ်။ ဒီလိုအချိန်မှာ ကား​တွေဖြတ်သန်းခွင့် ပိတ်ထားရပါတယ်။ ဖြတ်သန်းခွင့် မ​​ပေးတဲ့အချိန် ခရီးသည်​တွေနဲ့ ကုန်သည်​တွေ အစားအ​သောက်အခက်အခဲဖြစ်​လို့ ​ဒေသခံ ​စေတနာရှင်​တွေစု​ပေါင်းပြီး ထမင်းနဲ့ ​ရေသန့်ဗူး​တွေ လှူဒါန်း​ပေးတာပါ။” ​ဟု ဘီးလင်းလမ်းတံတား​ဆောက်လုပ်​ရေးမှ တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

မ​စောတံတား လမ်းလွဲ​မြေသားများ မိုးရွာသွန်းမှု​ကြောင့် ​မြေသားများပျော့အိလာခြင်း​ကြောင့် သက်ဆိုင်ရာလမ်းတံတားအဖွဲ့က ​ခေတ္တပြုပြင်​ရေးဆောင်ရွက်​နေ​ကြောင်း သိရသည်။

ထိုသို့ လမ်းလွဲ​မြေသားမှ ​ဖြတ်သန်းရန်စောင့်ဆိုင်းနေရသည့် ကားသမားများနှင့် ခရီးသွားပြည်သူများကို ဘီးလင်းမြို့အခြေစိုက် ရှင်သန်ခြင်းနှင့် နာရေးကူညီမှုအသင်း၊ နှလုံးလှ လူ ငယ်ပညာရေးပရဟိတအသင်း၊ ​စေတနာရှင်များကစုပေါင်းပြီး အစားအ​သောက်များ လှူဒါန်း​ဝေငှ​ပေးခဲ့ခြင်းဖြစ်​ကြောင်း သိရသည်။

မြင့်မြတ်​အောင်မြင်

ဓာတ်ပုံ – CJ

ဘီးလင်းမြို့တွင် လမ်းပိတ်ဆို့မှု​ကြောင့် စောင့်ဆိုင်းနေသူများကို မြို့ခံများက ​ ထမင်းနှင့် ရေသန့်ဗူးများလှူဒါန်း အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.