လာပက်၊ ဇွန် ၂၈
ဘိုလီဗီးယားနိုင်ငံတွင် အာဏာသိမ်းရန်ကြိုးပမ်းမှုများဖြစ်လာခဲ့ပြီးနောက် စစ်တပ်ထိပ်တန်ခေါင်းဆောင်နှစ်ဦး ဖမ်းဆီးခံရမှုနှင့် အာဏာသိမ်းရန်ကြိုးပမ်းမှု မအောင်မြင်ခဲ့ကြောင်း သိရသည်။
ဘိုလီဗီးယားသမ္မတ လူဝစ်အာစီက ဘိုလီဗီးယားစစ်တပ်၏ တင့်ကားများနှင့်စစ်သားများသည် အစိုးရအရှေ့အဆောက်အဦးရှေ့ ဝန်းရံပိတ်ဆို့ခြင်းများရှိလာခဲ့ပြီး အာဏာသိမ်းရန် ကြိုးပမ်းမှုများဖြစ်ပွားခဲ့ကြောင်း အတည်ပြုထားသည်။
လက်ရှိအချိန်တွင် ဘိုလီဗီးယား ပြည်ထဲရေးဝန်ကြီးဌာနသည် အာဏာသိမ်းရန်ကြိုးပမ်းသူများထဲတွင်ပါဝင်ခဲ့သာ အဓိကခေါင်းဆောင်နှစ်ဦးဖြစ်သည့် ဘိုလီဗီးယားစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ဂျွန်ဂျိုစ့် ဇူနီဂါနှင့် ဘိုလီဗီယားစစ်တပ်မှရေတပ်အကြီးအကဲ ဗိုလ်ချုပ် ဂျွန်အာနက် ဆာဗာဒေါကို ဖမ်းဆီးထားကြောင်း သိရသည်။
စစ်သားများနှင့် တင့်ကားများသည် သမိုင်းဝင်သမ္မတအဆောက်အဦးနှင့် လွှတ်တော်ဝန်းနားကို ဝင်ရောက်လာခဲ့ပြီး တင့်ကားတစ်စီးက သမ္မတအိမ်ယာအဆောက်အဦးနားက သံတံခါးကို ဝင်တိုက်ဖျက်ဆီးရန်ကြိုးပမ်းခဲ့ကြောင်း နိုင်ငံတကာသတင်းများတွင် ဖော်ပြထားသည်။
ဗိုလ်ချုပ်ကြီး ဂျွန်ဂျိုစ့် ဇူနီဂါက စစ်သားများသည် ဒီမိုကရေစီ ပြန်လည်တည်ဆောက်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း၊ နှစ်ပေါင်း ၄၀ နီးပါးကြာ လူအနည်းစုနှင့် တိုင်းပြည်အုပ်ချုပ်ရန်မဖြစ်သင့်ကြောင်း၊ စစ်မှန်သောဒီမိုကရေစီပြန်လည်ရရှိရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။
အာဏာသိမ်းရန်ကြိုးပမ်းမှုသည် အချိန် ၅ နာရီကြာမြင့်ခဲ့ပြီး ခေါင်းဆောင်နှစ်ဦးကို ဖမ်းဆီးခဲ့ပြီးနောက် အာဏသိမ်းရန်ကြိုးပမ်းမှု မအောင်မြင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သမ္မတရုံးနှင့် အစိုးရအဆောက်အဦးများကို ဝန်းရံထားသော စစ်သားများနှင့် တင့်ကားများ ပြန်လည်ရုတ်သိမ်းခဲ့ပြီးနောက် စစ်တပ်အကြီးအကဲဖြစ်သူ ဖမ်းဆီးခံရကာ ရဲကားဖြင့်ခေါ်ဆောင်ခံရကြောင်း ဖော်ပြထားသည်။
ကောင်းထက်ငွေ
channelnewsasia.com
ဘိုလီဗီးယားနိုင်ငံတွင် အာဏာသိမ်းရန်ကြိုးပမ်းမှု မအောင်မြင် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်