ရန်ကုန်၊ စက်တင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်၊ အမှတ်(၆)ရပ်ကွက်တွင် နေထိုင်သည့် သူဇာကြီး(ခ) မသူဇာကို ၂၀၂၂ ခုနှစ်၊ ဧပြီ ၁၄ ရက်က သေနတ်ဖြင့် ပစ်သတ်မှုတွင် ပါဝင်ပတ် သက်သည်ဆိုသည့် အမျိုးသား ၄ ဦးကို ဖျာပုံခရိုင် တရားရုံးမှ စက်တင်ဘာ ၁၂ ရက်က သေဒဏ်ချမှတ်ခဲ့ကြောင်း တရားရေးရှေ့နေတစ်ဦး၏ ပြောကြာချက်အရ သိရသည်။
အဆိုပါ သေဆုံးမှုနှင့် ပတ်သက်၍ ဘိုကလေးမြို့နေ ကိုပြည့်စုံဖြိုး ၊ ကိုဇော်ဝင်း ထွန်း၊ ကိုမင်းသူအောင်နှင့် ကိုနိုင်ဝေလင်းတို့ကို ပုဒ်မ ၃၀၂/၁၀၉ ဖြင့် သေဒဏ်ချမှတ်လိုက်ကြောင်း ဖျာပုံမြို့ခံ ဗဟိုတရားရုံးရှေ့နေတစ်ဦး၏ ပြောကြာချက်အရ သိရသည်။
“သေဒဏ်ချလိုက်တာ ၄ ယောက်ကို ဟိုရက်ကပဲ။ ကိုမင်းသူအောင်၊ ကိုပြည့်စုံ ဖြိုးနဲ့ ကိုဇော်ဝင်းထွန်း၊ ကိုနိုင်ဝေလင်းတို့ကို လူသတ်မှုပုဒ်မ အပါအဝင် အခြားနိုင်ငံရေးပုဒ်မတွေနဲ့ သေဒဏ်ချမှတ်လိုက်တယ်လို့လည်း သိရတယ်။” ဟု အဆိုပါရှေ့နေက ယနေ့ခေတ်သို့ပြောသည်။
လွန်ခဲ့သည့် ၅ လခန့်က မသူဇာသည် သူမ၏တူမနှင့်အတူ စျေးအပြန်လမ်းတွင် သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဘိုကလေးမြို့ခံတစ်ဦးက ပြောကြားသည်။
ချစ်ချစ်ခိုင်
ဓာတ်ပုံ -Credit
ပုံစာ- ပစ်သတ်ခံရသည့် မသူဇာအား တွေ့ရစဉ်
ဘိုကလေးမြို့တွင် ရဲသတင်းပေးဆိုသည့် မသူဇာ ပစ်သတ်ခံရမှုနှင့်ပက်သက်၍ အမျိုးသား ၄ ဦး သေဒဏ်ချမှတ်ခံရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်