ဘိလပ်မြေသယ်ယာဥ်တစ်စီး ​ဘရိတ်​ပေါက်ကာ ချောက်အတွင်းတိမ်း​မှောက် ယာဥ်မောင်း​သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၂၈

ဟားခါးမြို့နယ်တွင် ယမန်နေ့ နံနက်ပိုင်းက ဘိလပ်မြေသယ်ယာဥ်တစ်စီး ​ဘရိတ်​ပေါက်ကာ ချောက်အတွင်းတိမ်း​မှောက်ခဲ့ပြီး ယာဥ်မောင်း​သေဆုံးခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ်၊ ဟားခါးမြို့၊ ဂန့်ဂေါ-ဟားခါးလမ်း၊ မိုင်တိုင်အမှတ်(၃/၁)နှင့် (၃/၂)ကြားတွင် ဇန်နဝါရီ ၂၇ ရက်၊ နံနက် ၁၀ နာရီခန့်က ဘိလပ်​မြေသယ်ယာဉ်တစ်စီး ဘရိတ်ပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ ပေ ၄၀ ခန့်အနက်ရှိ ချောက်အတွင်းသို့ တိမ်း​မှောက်ပြီး ယာဥ်​မောင်း​သေဆုံးခဲ့​ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

“ ဘိလပ်မြေသယ်ဆောင်လာတဲ့ ကုန်ကားတစ်စီး ပေ ၄၀ ခန့်အနက်ရှိတဲ့ ချောက်အတွင်းကို ဘရိတ်​ပေါက်ပြီး တိမ်း​မှောက်သွားပါတယ်။ ယာဥ်​မောင်းနဲ့ ယာဥ်​နောက်လိုက်ကို ​ချောက်အတွင်းက ကယ်ဆယ်ထုတ်​ပေးနိုင်ခဲ့​ပေမယ့် ယာဥ်​​မောင်းက ​သေဆုံးလျက်ပဲ ပြန်​တွေ့ရှိခဲ့ပါတယ်။” ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြော သည်။

အဆိုပါ မိုင်တိုင်အမှတ်(၃/၁)နှင့် (၃/၂)ကြားတွင် အရှိမထိန်းနိုင်ဘဲ ဘရိတ်​ပေါက်ကာ ​ချောက်အတွင်းတိမ်း​မှောက်မှုဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ယာဉ်မောင်းအမျိုးသားတစ်ဦး၊ ယာဉ်နောက်လိုက်အမျိုးသားတစ်ဦးတို့အနက် ယာဉ်မောင်းအမျိုးသား ​သေဆုံးလျက်သာ ပြန်လည်​တွေ့ရှိခဲ့​ကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးသူ၏ရုပ်အလောင်းကို မီးသတ်တပ်ဖွဲ့ပိုင် သူနာတင်ယာဉ်ဖြင့် ဟားခါးမြို့ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့​ကြောင်း သိရသည်။

မြင့်မြတ်အောင်မြင်

ဓါတ်ပုံ – မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့

ဘိလပ်မြေသယ်ယာဥ်တစ်စီး ​ဘရိတ်​ပေါက်ကာ ချောက်အတွင်းတိမ်း​မှောက် ယာဥ်မောင်း​သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.