ဒက္ကာ၊ ဧပြီ ၂၄
မြန်မာအစိုးရသည် ဘင်္ဂလားဒေရှ့်နိုင်ငံဘက်ခြမ်းသို့ ရောက်ရှိနေသည့် မြန်မာလုံခြုံရေးတပ်သားများနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၂၈၅ ဦးကို ပြန်လည်ခေါ်ယူသွားမည်ဖြစ်သလို၊ မြန်မာနိုင်ငံဘက်ခြမ်းတွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသော ဘင်္ဂလားဒေရှ့်နိုင်ငံသား ၁၅၄ ဦးကို ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း ဘင်္ဂလားဒေရှ့်နိုင်ငံခြားရေးဝန်ကြီး ဟာဆန်မိုဟာမက်က ထုတ်ဖော်ပြောဆိုလိုက်သည်။
မြန်မာအစိုးရသည် ဘင်္ဂလားဒေ့ရှ့်နိုင်ငံဘက်ခြမ်းသို့ တိမ်းရှောင်လာသော နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များနှင့် တပ်မတော်သားများကို ရေလမ်းခရီးမှ ပြန်လည်ခေါ်ယူရန် အဆိုပြုကမ်းလှမ်းခဲ့ကြောင်း၊ အစောပိုင်းက ဧပြီ ၂၃ ရက်နေ့တွင် အပြန်အလှန်လဲလှယ်ပို့ဆောင်မှုများ လုပ်ဆောင်ရန်စီစဉ်ခဲ့ကြောင်း ဘင်္ဂလားဒေရှ့်သတင်းများတွင် ဖော်ပြထားသည်။
ဘင်္ဂလားဒေရှ့်နိုင်ငံခြားရေးဝန်ကြီးက “ ဧပြီ ၂၃ ရက်နေ့မှာ လဲလှယ်မှုမဖြစ်ခဲ့ဘူး။ ဧပြီ ၂၄ ရက်နေ့မှာတော့ မြန်မာအစိုးရဟာ သင်္ဘောတွေနဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံသား ၁၅၄ ဦးကိုခေါ်ဆောင်ပြီး ဘင်္ဂလားဒေရှ့်နိုင်ငံကို ပို့ဆောင်ပေးမယ်။ မြန်မာအစိုးရရဲ့ အဲဒီသင်္ဘောနဲ့ပဲ ဘင်္ဂလားဒေရှ့်နိုင်ငံဘက်ခြမ်းကို ရောက်ရှိနေတဲ့ တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ပြန်လည်ခေါ်ယူသွားမှာဖြစ်ပါတယ်။” ဟု ပြောသည်။
သင်္ဘောဖြင့်ပြန်လည်ခေါ်ယူမည့် အစီစဉ်သည် ရာသီဥတုအခြေနေနှင့် မြန်မာနိုင်ငံဘက်ခြမ်းအခြေနေများအပေါ်တွင် မူတည်နေကြောင်း ဘင်္ဂလားဒေရှ့်နိုင်ငံခြားရေးဝန်ကြီးက ဧပြီ ၁၉ ရက်နေ့တွင် ပြောဆိုခဲ့သည်။
ရခိုင်ပြည်နယ်တွင် တိုက်ပွဲများဖြစ်လာခဲ့ပြီးနောက်ပိုင်း မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များနှင့် တပ်မတော်သားများသည် ဘင်္ဂလားဒေရှ့်နိုင်ငံဘက်ခြမ်းသို့ တိမ်းရှောင်မှုများရှိခဲ့ကြောင်း ဘင်္ဂလားဒေရှ့်အစိုးရက ပြောသည်။
ကောင်းထက်ငွေ
tbsnews.net
ဘင်္ဂလားရှေ့်သို့ ဆုတ်ခွာခဲ့သော တပ်ဖွဲ့ဝင်များကို မြန်မာအစိုးရက ဧပြီ ၂၅ ရက်နေ့တွင် ပြန်လည်ခေါ်ယူမည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်