ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့မည့် လယ်ယာထွက်ကုန်နှင့် ရေထွက်ကုန်အချို့ကို စစ်တွေ ကုန်သွယ်ရေးစခန်းမှ ပြောင်းလဲတင်ပို့ခွင့်ပြု

ရန်ကုန်၊ စက်တင်ဘာ ၆

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မောင်‌တော နယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့် တင်ပို့နေသည့် ဆန်/ဆန်ကွဲ၊ မြေပဲ၊ နှမ်းအပါအဝင် လယ်ယာထွက်ကုန်အချို့နှင့် ရေချို/ရေငန်ငါးများကို စခန်းမှ သာတင်ပို့ရန် သတ်မှတ်လိုက်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။

“ ဘာကြောင့် ပြောင်းလဲတင်ပို့ခိုင်းလိုက်တာလဲတော့ မသိဘူး။ ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်တာဆိုတော့လေ။ အရင်ထက်စာရင် စရိတ်စကတော့ ပိုကုန်တာပေါ့။ တစ်ဖက် နိုင်ငံကို ကုန်ပစ္စည်းတင်ပို့တော့မယ်ဆိုရင်လည်း ကားတစ်စီးချင်းစီတော့ ပေးမသွားတော့ဘူး။ အကုန်လုံးတစ်စုတစ်စည်းတည်း သွားရမှာပေါ့” ဟု ရခိုင်ကုန်သည်ကြီးများအသင်းမှ အတွင်းရေးမှူး ဦးအောင်အောင်က ယနေ့ခေတ်သို့ပြောသည်။

ယင်းကြေညာချက်တွင် ကုန်သွယ်မှုလုပ်ငန်းများ စနစ်တကျဆောင်ရွက်နိုင်စေရန်နှင့် တစ်ဖက်နိုင်ငံနှင့် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ကုန်သွယ်မှုတွင် ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံ၊ နှမ်း၊ မြေပဲ၊ မြေ ပဲဆံ၊ ကြက်သွန်နီ စသည့်လယ်ယာထွက်ကုန်များနှင့် ရေချို၊ ရေငန်ငါးမျိုးစုံ ရေထွက်ပစ္စည်းများကို စက်တင်ဘာ ၄ ရက်မှ စတင်၍ စစ်တွေကုန်သွယ်ရေးစခန်းမှသာ တင်ပို့ရန် ပို့ကုန်၊ သွင်းကုန်နှင့် ပတ်သက်သည့် သတင်းလွှာ (၁၅/၂၀၂၃) ဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ် ရေးဦးစီးဌာမှ ကြေညာထားခြင်းဖြစ်သည်။

လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ဝယ်လိုအားကျဆင်းသွားသည့်အတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးသည် ယခင်ကထက်ကျဆင်းခဲ့ကြောင်း ၎င်းကဆိုသည်။

လက်ရှိ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ငါးလတာကာလအတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်မှုပမာဏ ဒေါ်လာ ခုနစ်သန်းနီးပါးသာရှိပြီး ယခင်နှစ်ကာလတူထက် ကုန်သွယ်မှု ဒေါ်လာ ၆ ဒသမ ၆ သန်းကျော် လျော့ကျခဲ့ကာ မြန်မာဘက်မှပို့ကုန်တင်ပို့မှု ဒေါ်လာ ၇ ဒသမ ၅ သန်းကျော်လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

စုစု

ဓာတ်ပုံ-အင်တာနက်

#ယနေ့ခေတ်

ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့မည့် လယ်ယာထွက်ကုန်နှင့် ရေထွက်ကုန်အချို့ကို စစ်တွေ ကုန်သွယ်ရေးစခန်းမှ ပြောင်းလဲတင်ပို့ခွင့်ပြု အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.