ဒက္ကာ၊ ဇန်နဝါရီ ၇
ဘင်္ဂလားဒေ့ရှ့်နိုင်ငံတွင် ဇန်နဝါရီ ၇ ရက်နေ့က ရွေးကောက်ပွဲကျင်းပနေသော်လည်း အတိုက်ခံပါတီ သပိတ်မှောက်ထားသည့်အတွက် ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ်ရှိတ်ဟာစီနာ ဦးဆောင်သော အာဏာရပါတီက အနိုင်ရရန် အလားအလာများနေကြောင်း သိရသည်။
ဘင်္ဂလားဒေရှ့် အာဏာရပါတီဖြစ်သည့် အေဝါမီလိဂ်ပါတီသည် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့မည်ဆိုပါက ဝန်ကြီးချုပ်ရှိတ်ဟာစီနာက ဘင်္ဂလားဒေရှ့်အစိုးရအဖွဲ့ ဝန်ကြီးချုပ်အဖြစ် လေးကြိမ်ဆက်တိုက် တာဝန်ယူခွင့်ရမည်ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ့်နိုင်ငံမှာ အထွေထွေရွေးကောက်ပွဲကို ဇန်နဝါရီ ၇ ရက်နေ့မှာ စတင်ကျင်းပနေပြီး ညနေ ၄ နာရီကျော်မှာ မဲပေးမှုအဆုံးသတ်မည်ဖြစ်ကာ ကနဦးမဲရလဒ်များကို ဇန်န ဝါရီ ၈ ရက်နေ့တွင် ကြေညာဖွယ်ရှိနေသည်။
လူဦးရေသန်းပေါင်း ၁၇၀ ကျော်ရှိနေသည့် ဘင်္ဂလားဒေရှ့်နိုင်ငံသည် တစ်ပါတီတည်းက နှစ်အတန်ကြာ အုပ်ချုပ်မည့်လမ်းကြောင်းကို ဦးတည်နေကြောင်း နိုင်ငံတကာလူအခွင့်ရေး အဖွဲ့များက ဝေဖန်ထားသည်။
ဘင်္ဂလားဒေရှ့်အတိုက်ခံပါတီဖြစ်သည့် (BNP)နှင့် အခြားပါတီငယ်များသည် ရွေးကောက်ပွဲကို ဆန့်ကျင့်သပိတ်မှောက်ထားကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ့်နိုင်ငံအတွင်းရှိ မဲပေးခွင့်ရှိသူလူပေါင်း သန်း ၁၂၀ ကျော်သည် လွှတ်တော်နေရာပေါင်း ၃၀၀ အတွက် ကိုယ်စားလှယ်ပေါင်း ၂၀၀၀ နီးပါးကို မဲပေးရွေးချယ်ရမည်ဖြစ် ကြောင်း သိရသည်။
(BNP)နှင့် အခြားပါတီငယ်များက ရွေးကောက်ပွဲမကျင်းပခင် ရှိတ်ဟာစီနာဦးဆောင်သော အာဏာရပါတီကို နုတ်ထွက်ကာ ကြားဖြတ်အစိုးရအဖွဲ့ဖြင့် ရွေးကောက်ပွဲကျင်းပရန် တောင်းဆိုခဲ့သော်လည်း အာဏာရပါတီက လက်ခံခြင်းမရှိခဲ့ကြောင်း သိရသည်။
အတိုက်ခံပါတီသည် ရွေးကောက်ပွဲကို ဆန့်ကျင့်သပိတ်မှောက်မှုနှင့်အတူ ရွေးကောက်ပွဲမတိုင်ခင်ကတည်းက နိုင်ငံတဝှမ်း ဆန္ဒပြပွဲများဖြစ်လာစေရန် ဦးဆောင်လုပ်ကိုင်ခဲ့ကြောင်း သိရသည်။
ဘင်္ဂလားဒေရှ့်ရွေးကောက်ပွဲတွင် အတိုက်ခံပါတီမပါသည့်အတွက် အာဏာရပါတီ အနိုင်ရရန် အလားလာများနေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်