ဘင်္ဂလားဒေရှ့်ပိုင်နက်အတွင်း တိမ်းရှောင်ခဲ့သော မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင် ၃၃၀ကို မြန်မာအာဏာပိုင်များ ပြန်လည်ခေါ်ယူ

ဒက္ကာ၊ ဖေဖော်ဝါရီ ၁၅

မြန်မာအာဏာပိုင်များသည် ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် ရခိုင်ပြည်နယ်တွင်ဖြစ်ပွားသော တိုက်ပွဲများကြောင့် ဘင်္ဂလားဒေရှ့်နိုင်ငံဘက်ခြမ်းသို့ တိမ်းရှောင်ခဲ့သော မြန်မာလုံခြုံရေးတပ်ဖွဲ့များနှင့် မိသားစုဝင်စုစုပေါင်း ၃၃၀ ဦးကို ပြန်လည်ခေါ်ယူခဲ့ကြောင်း သိရသည်။

အဆိုပါမြန်မာလုံခြုံရေးအဖွဲ့ဝင်များကို ကော့ဘဇာဒေသ Inani ရေတပ်အခြေစိုက်စခန်းမှ ပြန်လည်ခေါ်ယူမည်ဖြစ်ပြီး၊ မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးဖြစ်သော ရဲမှူးကြီး မျိုးသူရနောင်ဦးဆောင်သော မြန်မာအာဏာပိုင်အဖွဲ့က ပြန်လည်ခေါ်ယူမည်ဖြစ်ရာ ဖေဖော်ဝါရီ ၁၅ ရက်၊ နံနက်ပိုင်းတွင် ဘင်္ဂလားဒေရှ့်ပိုင်နက်အတွင်းသို့ မြန်မာရေတပ်သင်္ဘော ဝင်ရောက်ကျောက်ချထားကြောင်း သိရသည်။

အဆိုပါ မြန်မာလုံရေးခြုံအဖွဲ့ဝင် ၃၃၀ ဦးထဲတွင် မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၃၀၂ ဦး၊ ရဲတပ်ဖွဲ့ဝင်မိသားစု လေးဦး၊ တပ်မတော်သား နှစ်ဦး၊ လူဝင်မှုကြီးကြပ်ရေးဌာန တာဝန်ရှိသူ ၁၈ ဦးနှင့် အရပ်သား လေးဦးတို့ပါဝင်ကြောင်း သိရသည်။

ပြီးခဲ့သောရက်ပိုင်းက ဘင်္ဂလားဒေရှ့်နှင့် နယ်စပ်ချင်းထိစပ်နေသော ရခိုင်ပြည်နယ်တွင် မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ကြား တိုက်ပွဲဖြစ်လာခဲ့ပြီးနောက် မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များသည် ဘင်္ဂလားဒေ့ရှ့်နိုင်ငံဘက်ခြမ်းသို့ ဆုတ်ခွာခဲ့ကြောင်း သိရသည်။

ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးပြီးနောက် ဘင်္ဂလားဒေရှ့်ပိုင်နက်အတွင်း ဆုတ်ခွာခဲ့သော မြန်မာလုံခြုံ ရေးတပ်ဖွဲ့ဝင်များကို ပြန်လည်ခေါ်ယူခဲ့ခြင်းဖြစ်သည်။

ကောင်းထက်ငွေ

tbsnews.net

ဘင်္ဂလားဒေရှ့်ပိုင်နက်အတွင်း တိမ်းရှောင်ခဲ့သော မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင် ၃၃၀ကို မြန်မာအာဏာပိုင်များ ပြန်လည်ခေါ်ယူ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.