ဘင်္ဂလားဒေရှ့်တွင်ရောက်ရှိနေသော မြန်မာလုံခြုံရေးတပ်ဖွဲဝင် ၁၃၀ ကျော်ကို မိခင်နိုင်ငံသို ပြန်လည်ခေါ်ယူ

ဒါကာ၊ ဇွန် ၁၁

မြန်မာအစိုးရသည် ဇွန်လ ၉ ရက်နေ့က မြန်မာအကျဉ်းထောင်အသီးသီးတွင် ထိန်းသိမ်းခံထားရသော ဘင်္ဂလားဒေရှ့်နိုင်ငံသားများကို မိခင်နိုင်ငံသို ပြန်လွဲပြောင်းပေးခဲ့ပြီး၊ အပြန်အလှန်အနေဖြင့် ဘင်္ဂလားဒေရှ့ပိုင်နက်ဘက်သိုဆုတ်ခွာခဲ့သော မြန်မာလုံခြုံရေးတပ်ဖွဲများကို ပြန်လည်ခေါ်ယူခဲ့ကြောင်း သိရသည်။

ဘင်္ဂလားဒေရှ့်သတင်းဌာနများ၏အဆိုအရ ဘင်္ဂလားဒေရှ့်အာဏာပိုင်များသည် ၎င်းတိုပိုင်နက်အတွင်းရောက်ရှိနေသော မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲဝင်များနှင့် မြန်မာတပ်မတော်သား ၁၃၄ ဦးကို မိခင်နိုင်ငံသို ပြန်လွဲပြောင်းပေးခဲ့ကြောင်း ဖော်ပြထားသည်။

မြန်မာအာဏာပိုင်များကလည်း မြန်မာအကျဉ်းထောင်အသီးသီးတွင် ထိန်းသိမ်းခံရသော ဘဂ်လားဒေရှ့်နိုင်ငံသား ၄၅ ဦး ပြန်လွဲပြောင်းပေးခဲ့ကြောင်း သိရသည်။

ဘဂ်လားဒေရှ့်ရေတပ်တပ်ဖွဲ၏ လှေတစ်စီးသည် မြန်မာရေတပ်သင်္ဘောထံမှ ဘဂ်လားဒေရှ့်နိုင်ငံသား ၄၅ ဦးကို ပြန်လွဲပြောင်းယူခဲ့ခြင်းဖြစ်သည်။

ဘင်္ဂလားဒေရှ်နိုင်ငံ၊ ကော့ဘဇာဒေသ၊ အုပ်ချုပ်ရေးမှူးတာဝန်ရှိသူ ယာမင် ဟူစိန်က ဘင်္ဂလားဒေရှ့်နိုင်ငံဘက်ခြမ်းသို့ ဆုတ်ခွာတိမ်းရှောင်လာသော မြန်မာလုံခြုံရေးတပ်ဖွဲဝင်များနှင့် မြန်မာနိုင်ငံအကျဉ်းထောင်များတွင် ထိန်းသိမ်းခံထားရသော ဘင်္ဂလားဒေရှ့်နိုင်ငံသားများ အပြန်အလှန်လွှဲပြောင်းပေးမှုအစီအစဉ်ကို ဇွန် ၉ ရက်နေ့တွင် အပြီးသတ်လုပ်ဆောင်နိုင်ခဲ့ကြောင်း အတည်ပြုပြောဆိုခဲ့သည်။

ဘင်္ဂလားဒေရှ့်အာဏာပိုင်များသည် ပြီးခဲ့သောဧပြီ ၂၅ ရက်နေ့ကလည်း ဘင်္ဂလားဒေရှ့်နိုင်ငံဘက်ခြမ်းသို့ ဆုတ်ခွာတိမ်းရှောင်လာသော မြန်မာလုံခြုံရေးတပ်ဖွဲဝင်၂၈၈ ဦးကို ပြန်လည် ခေါ်ယူခဲ့ပြီး အပြန်အလှန်အနေဖြင့် မြန်မာအ ကျဉ်းထောင်များတွင် ပြစ်ဒဏ်ခံနေရသော ဘင်္ဂလားဒေရှ့နိုင်ငံသား ၁၇၃ ဦးကို ပြန်လည်လွှပြောင်းပေးခဲ့ကြောင်း သိရသည်။

ထိုအပြင် ပြီးခဲ့သော ဖေဖော်ဝါရီ ၁၅ ရက်နေ့ကလည်း ဘင်္ဂလားဒေရှ့်အာဏာပိုင်များသည် မြန်မာလုံခြုံရေးတပ်ဖွဲ့ ဝင် ၃၃၀ ကို မိခင်နိုင်ငံသို ပြန်လွှဲပြောင်းပေးခဲ့ဖူးကြောင်း သိရ သည်။

ကောင်းထက်ငွေ

bssnews.net/news

ဘင်္ဂလားဒေရှ့်တွင်ရောက်ရှိနေသော မြန်မာလုံခြုံရေးတပ်ဖွဲဝင် ၁၃၀ ကျော်ကို မိခင်နိုင်ငံသို ပြန်လည်ခေါ်ယူ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.