မော်စကို၊ မေ ၉
ယူကရိန်းစစ်ပွဲနှင့်ပတ်သက်ပြီး သံတမန်ရေးကန့်သတ်ချက်များအပါအဝင် ပိတ်ဆို့မှုများထပ်မံချမှတ်ခြင်းသည် ရုရှားနှင့် ဗြိတိန်နိုင်ငံကြား ထိပ်တိုက်တွေဆုံမှုများဖြစ်လာစေရန် ပိုမိုတွန်းအားပေးသလိုမျိုး ဖြစ်လာစေခဲ့ကြောင်း ရုရှားအစိုးရက သတိပေးလိုက်သည်။
ယူကရိန်းစစ်ပွဲနှင့်ဆက်နွယ်ပြီး ဗြိတိန်သည် ရုရှားကိုပိတ်ဆို့မှုများချမှတ်ခဲ့သလို ရုရှားပိုင်နက်များကို တိုက်ခိုက်နိုင်ရန် ယူကရိန်းကို တာဝေးပစ်လက်နက်များ ကူညီထောက်ပံ့ပေးမည်ဟု ပြီးခဲ့သောရက်ပိုင်းကပြောဆိုခဲ့ရာ ရုရှားနှင့် ဗြိတိန်နိုင်ငံကြား ထိပ်တိုက်တွေ့ဆုံမှုများ ပိုမိုဖြစ်လာခဲ့ကြောင်း သိရသည်။
ဗြိတိန်အစိုးရသည် လန်ဒန်မြို့ရှိ ရုရှားစစ်ဘက်ရေးရာ သံတမန်ရုံးမှတာဝန်ရှိသူများကို နှင်ထုတ်ရန်စီစဉ်ခဲ့သလို ရုရှားသံတမန်များကို ဗီဇာရရှိရန် ကန့်သတ်မှုများတင်းကြပ်သွားဖွယ်ရှိနေကြောင်း သိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက “ ဗြိတိန်အစိုးရဟာ နှစ်နိုင်ငံကြား ထိပ်တိုက်တွေ့ဆုံမှု ဒီဂရီပိုမိုမြင့်တက်လာအောင် လုပ်ဆောင်နေတယ်။ လိမ်ညာပြောဆိုတာတွေလည်း လုပ်ဆောင်နေတယ်။” ဟု ပြောသည်။
ရုရှားအစိုးရက ဗြိတိန်သည် ယူကရိန်းကို တာဝေးပစ်လက်နက်များ ကူညီပေးမည်ဆိုလျှင် ဗြိတိန်နိုင်ငံရှိ စစ်ဘက်အဆောက်အဦးများ နျူကလီးယားဖြင့် တိုက်ခိုက်ခံရမည်ဟု ပြီးခဲ့သောရက်ပိုင်းက သတိပေးခဲ့သည်။
ဗြိတိန်အစိုးရက ရုရှားအစိုးရ၏ ဝေဖန်ပြစ်တင်မှုများကို ငြင်းဆန်ပယ်ချခဲ့ကြောင်း သိရသည်။
ရုရှားအစိုးရက “ ကျွန်တော်တို့ဟာ ဗြိတိန်အစိုးရကို ထပ်မံသတိပေးထားတယ်။ ဗြိတိန်ရဲ့မိတ်ဆွေမပိသတဲ့လုပ်ရပ်တွေကို သူတို့လုပ်ဆောင်သလိုမျိုး ပြန်လည်တုံ့ပြန်မှာပါ၊ ကျွန် တော်တို့ဟာလည်း ဗြိတိန်နိုင်ငံကို တင်းကြပ်မှုချမှတ်မယ့် အစီအမံတွေလုပ်ဆောင်မယ်။” ဟု ပြောသည်။
ကောင်းထက်ငွေ
aa.com.tr/en
ဗြိတိန်အစိုးရ၏လုပ်ရပ်များက နှစ်နိုင်ငံကြား ထိပ်တိုက်တွေ့ဆုံမှုများဖြစ်လာစေရန် တွန်းအားပေးနေကြောင်း ရုရှားအစိုးရသတိပေး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်