လန်ဒန်၊ ဇူလိုင် ၅
ဗြိတိန်ဝန်ကြီးချုပ် ဆူနက်က ဇူလိုင် ၅ ရက်နေ့တွင်ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် ပြိုင်ဘက်လေဘာပါတီကိုရှုံးနိမ်ခဲ့ကြောင်း ဝန်ခံပြောဆိုလိုက်သည်။
ဆူနက်က “ လေဘာပါတီဟာ ဗြိတိန်နိုင်ငံမှာကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပါတယ်။ အဲဒီနိုင်ပွဲနဲ့ပတ်သက်ပြီး လေဘာပါတီခေါင်းဆောင် ဆာ ကီရစ်စတာမာအတွက် ဂုဏ်ယူပါတယ်။ ကျွန်တော်ဟာ ရှုံးနိမ့်မှုအတွက်လည်း တာဝန်ယူသွားမှာပါ။ အာဏာလွှဲပြောင်းပေးမှုတွေကို ငြိမ်းချမ်းစွာလုပ်ဆောင်သွားမှာပါ။ နိုင်ငံတည်ငြိမ်ရေးနဲ့ နိုင်ငံအနာဂတ်အတွက် ယုံကြည်မှုရှိစွာအားလုံးအလုပ်လုပ်ရမှာဖြစ်တယ်။” ဟု ပြောသည်။
လေဘာပါတီသည် လွှတ်တော်ရွေးကောက်ပွဲအတွင်း နေရာအများစုတွင် အနိုင်ရရှိခဲ့ခြင်းကြောင့် ပါတီခေါင်းဆောင်ဖြစ်သူ ကီရစ်စတာမာသည် ဗြိတိန်ဝန်ကြီးချုပ်အသစ်ဖြစ်လာဖွယ်ရှိနေကြောင်း သိရသည်။
လေဘာပါတီနိုင်ပွဲသည် ဗြိတိန်နိုင်ငံကို ၁၄ နှစ်ကျော်ကြာအုပ်ချုပ်နေခဲ့သော ကွန်ဆာဗေးတစ်ပါတီဦးဆောင်သော အစိုးရအဖွဲ့ကို အပြောင်းအလဲလုပ်ဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။
ကီရစ်စတာမာက အပြောင်းအလဲများသည် လက်ရှိအချိန်မှစတင်ပြီဖြစ်ကြောင်း ပြောသည်။
လေဘာပါတီသည် လွှတ်တော်ရွေးကောက်ပွဲတွင် ကွန်ဆာဗေးတစ်ပါတီကို အပြတ်အသတ်အနိုင်ရခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၄၁၀ ကျော် အနိုင်ရခဲ့ကာ ကွန်ဆာဗေးတစ်ပါတီက လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၁၁၄ ဦးသာအနိုင်ရခဲ့ကြောင်း သိရသည်။
အာဏာရ ကွန်ဆာဗေးတစ်ပါတီ ထိပ်တန်းခေါင်းဆောင်များလည်း ရွေးကောက်ပွဲတွင် အရှုံးနှင့်ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။
ကောင်းထက်ငွေ
channelnewsasia.com
ဗြိတိန်လွှတ်တော်ရွေးကောက်ပွဲတွင် လေဘာပါတီအနိုင်ရခဲ့ပြီး ကီရစ်စတာမာ ဝန်ကြီးချုပ်ဖြစ်လာဖွယ်ရှိနေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်