ဗြိတိန်နိုင်ငံ၏ တပ်ဖွဲ့ဝင်အရေအတွက်နှင့် ကာကွယ်ရေးအသုံးစရိတ်ကို ပြန်လည်စဉ်းစားသုံးသပ်ရန် အမေရိကန်စစ်ဘက်အကြီးအကဲတစ်ဦး သတိပေး

ဝါရှင်တန်၊ ဇန်နဝါရီ ၂၇

ဗြိတိန်စစ်တပ်အနေဖြင့် ၎င်းတို့၏တပ်ဖွဲ့ဝင်အရေအတွက်၊ အင်အားနှင့် ကာကွယ်ရေးအသုံးစရိတ်သုံးစွဲမှုများကို ပြန်လည်စဉ်းစားသင့်ကြောင်း အမေရိကန် ရေတပ်အကြီးအကဲတစ်ဦးဖြစ်သူ ကာလိုစ့် ဒယ်တိုရိုက သတိပေးပြောဆိုလိုက်သည်။

အမေရိကန်နှင့် မဟာမိတ်နိုင်ငံများသည် လက်ရှိအချိန်တွင် ရုရှား၊ တရုတ်နှင့် အရှေ့အလယ်ပိုင်းဒေသအတွင်းရှိ နိုင်ငံများ၏ ခြိမ်းခြောက်မှုများကို ရင်ဆိုင်နေရပြီး လက်ရှိရင်ဆိုင်နေရသောခြိမ်းခြောက်မှုနှင့် နှိုင်းယှဉ်ပါက ဗြိတိန်စစ်တပ်အင်အားအနေထားက သင့်တော်ကောင်းမွန်မှု ရှိ၊ မရှိဆိုသောအချက်ကို ပြန်လည်သုံးသပ်ရန် အဓိကအရေးကြီးကြောင်း ကာလိုစ့် ဒယ်တိုရိုက ဆိုသည်။

၎င်းက “ ဗြိတိန်စစ်တပ်ဟာ လက်ရှိဖြစ်ပွားနေတဲ့ ခြိမ်းခြောက်မှုတွေနဲ့ နှိုင်းယှဉ်ရင် ဗြိတိန်စစ်တပ်အရွယ်စားက ကြီးနေသလား၊ သေးနေသလားဆိုတာ ပြန်လည်စဉ်းစားဖို့အရေးကြီး တယ်။ အမေရိကန်နဲ့ ဗြိတိန်တို့ဟာ လက်ရှိအချိန်မှာ ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရတယ်။ အမေရိကန်ဟာ အမျိုးသားလုံခြုံရေးနဲ့ပတ်သက်ပြီး သိသာတဲ့ရင်းနှီးမြှုပ်နှံ့မှုတွေ ဆက်လက်လုပ်ဆောင်နေတယ်။” ဟု ပြောသည်။

ဗြိတိန်စစ်တပ်တွင် အမြဲတမ်းတပ်ဖွဲ့ဝင်အရေအတွက် ၇၄,၀၀၀ ကျော်ရှိနေပြီး၊ စစ်ရေးနှင့်ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံ့မှုများ ပိုမိုလုပ်ဆောင်ရန် စဉ်းစားသုံးသပ်သင့်ကြောင်း အမေရိကန်ရေတပ်အကြီးအကဲက ပြောသည်။

ဗြိတိန် ကာကွယ်ရေးဦးစီးချုပ် ပက်ထရစ်ဆန်ဒါစ်က ရုရှားနိုင်ငံနှင့်စစ်ပွဲဖြစ်လာမည်ဆိုလျှင် ဝန်ကြီးများသည် ပြည်သူများကို ရွှေ့ပြောင်းပေးရမည့်အလုပ်ကို လုပ်ကိုင်ရမည်ဟု သ တိပေးပြောဆိုခဲ့ပြီးနောက် အမေရိကန်ရေတပ်အကြီးအကဲက ထပ်မံသတိပေးခဲ့ခြင်းဖြစ်သည်။

ဗြိတိန်ကာကွယ်ရေးဦးစီးချုပ်က ရုရှားနှင့်စစ်ပွဲဖြစ်လာမည်ဆိုလျှင် ဗြိတိန်အမျိုးသား၊ အမျိုးသမိးများကို စစ်ပွဲတွင်ပါဝင်နိုင်ရန် ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်ကြောင်း သတိပေးပြောဆိုထားသည်။

ကောင်းထက်ငွေ

lbc.co.uk/news

ဗြိတိန်နိုင်ငံ၏ တပ်ဖွဲ့ဝင်အရေအတွက်နှင့် ကာကွယ်ရေးအသုံးစရိတ်ကို ပြန်လည်စဉ်းစားသုံးသပ်ရန် အမေရိကန်စစ်ဘက်အကြီးအကဲတစ်ဦး သတိပေး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.