ဗီယက်နမ်သမ္မတ ရာထူးမှရုတ်တရက်နုတ်ထွက်

ဟနွိုင်း၊ မတ် ၂၁

ဗီယက်နမ်နိုင်ငံတွင် တစ်နှစ်ကျော်အတွင်း သမ္မတရာထူးနှင့်ပတ်သက်ကာ အလှုပ်ခတ်များစွာဖြစ်နေခဲ့ပြီး လက်ရှိသမ္မတ ဗိုဗန်သောင်သည် သမ္မတအဖြစ် တစ်နှစ်ကျော်ကြာ တာဝန်ယူခဲ့ပြီးနောက် ရာထူးမှနုတ်ထွက်သွားခဲ့ကြောင်း သိရသည်။

ဗီယက်နမ်အာဏာရပါတီဖြစ်သော ကွန်မြူနစ်ပါတီအစည်းအဝေးကျင်းပခဲ့ပြီးနောက် အစိုးရက သမ္မတသည်ပါတီစည်းကမ်းများ ချိုးဖောက်ခဲ့သလို ဂုဏ်သိက္ခာပိုင်းတွင်လည်းအနုတ်လက္ခဏာဆောင်သော သက်ရောက်မှုများဖြစ်စေခဲ့ကြောင်း ပြောသည်။

ကွန်မြူနစ်ပါတီသည် တစ်နှစ်ကျော်အတွင်း ၎င်းတို့ရွေးချယ်ထားသောသမ္မတကို ရာထူးမှနုတ်ထွက်ရန် ဒုတိယအကြိမ်မြောက် ဖိအားပေးခဲ့ခြင်းဖြစ်သည်။

ဗိုဗန်သောင်သည် ဗီယက်နမ်အစိုးရသမိုင်းတွင် သမ္မတရာထူးကို လက်ခံရရှိသော အသက်အငယ်ဆုံးသမ္မတဖြစ်ခဲ့သလို သမ္မတတာဝန်ကို ထမ်းဆောင်ခွင့် အနည်းဆုံးရရှိသောသမ္မတလည်းဖြစ်ခဲ့သည်။

ဗိုဗန်သောင်သည် အကျင့်ပျက်လာဘ်စားမှုများရှိခဲ့သည့်အတွက် ရာထူးမှနုတ်ထွက်ရန် ဖိအားပေးခံရခြင်းဖြစ်သလို ပြီးခဲ့သောနှစ်အတွင်း ရာထူးမှနုတ်ထွက်ခဲ့သော သမ္မတသည်လည်း အကျင့်ပျက်လာဘ်စားမှုကြောင့် သမ္မတရာထူးမှနုတ်ထွက်ရန် ပါတီကဖိအားပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဗီယက်နမ်အစိုးရသည် သမ္မတ ဗိုဗန်သောင်ရာထူးမှနုတ်ထွက်ခြင်းအတွက် အသေးစိတ်ဖော်ပြပြောဆိုခြင်းမရှိခဲ့သော်လည်း အကျင့်ပျက်လာဘ်စားမှုကြောင့်ဖြစ်သည်ဟု သတင်းများထွက်ပေါ်နေသည်။

ဗီယက်နမ်နိုင်ငံတွင် အာဏာရပါတီဖြစ်သော ကွန်မြူနစ်ပါတီ၏ အထွေထွေအတွင်းရေးမှူးသည် သြဇာအကြီးဆုံးဖြစ်ပြီး ပါတီမှရွေးချယ်ထားသော သမ္မတအပါအဝင် အစိုးရအဖွဲ့တာဝန်ရှိသူများကို ရာထူးမှထွက်ရန် ဖိအားပေးနိုင်စွမ်းရှိနေကြောင်း သိရသည်။

ဗိုဗန်သောင်သည် ဗီယက်နမ်စီးပွားရေးလုပ်ငန်းရှင်များထံမှ ငွေကြေးများရယူခဲ့ကြောင်း စွပ်စွဲခံရမှုများရှိနေသည်။

ဗိုဗန်သောင်နုတ်ထွက်မှုသည် ဗီယက်နမ်နိုင်ငံတွင် နှစ်နှစ်ကျော်အတွင်း သမ္မတသုံးဦး ရာထူးမှနုတ်ထွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကောင်းထက်ငွေ

bbc.com/news

ဗီယက်နမ်သမ္မတ ရာထူးမှရုတ်တရက်နုတ်ထွက် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.