ဗီယက်နမ်လွှတ်တော်က သမ္မတအသစ်တစ်ဦးကို ရွေးချယ်ခန့်အပ်

ဟနွိုင်း၊ မေ ၂၂

ဗီယက်နမ်လွှတ်တော်သည် ပြည်သူရေးရာလုံခြုံရေးဝန်ကြီးဖြစ်သူ တိုလမ်းကို ဗီယက်နမ်နိုင်ငံ သမ္မတအသစ်အဖြစ်ခန့်အပ်ရန် ရွေးချယ်လိုက်ကြောင်း သိရသည်။

ဗီယက်နမ်သမ္မတဟောင်း Võ Thị Ánh Xuân သည် အကျင့်ပျက်လာဘ်စားမှုများရှိသည်ဆိုသော စွပ်စွဲချက်များထွက်ပေါ်လာခဲ့ပြီးနောက် ဖိအားများရင်ဆိုင်ခဲ့ရကာ သမ္မတအဖြစ် ရက်ပေါင်း ၆၂ ရက်ကြာ တာဝန်ယူခဲ့ပြီးနောက် ရာထူးမှနုတ်ထွက်ခဲ့ခြင်းဖြစ်သည်။

ဗီယက်နမ်အာဏာရပါတီဖြစ်သော ကွန်မြူနစ်ပါတီသည် လစ်လပ်နေသောသမ္မတနေရာကို အစားထိုးရန်အတွက် ဗီယက်နမ်ပြည်သူရေးရာလုံခြုံရေးဝန်ကြီးကို သမ္မတလောင်းအ ဖြစ် အမည်စာရင်းတင်သွင်းခဲ့ကြောင်း သိရသည်။

လွှတ်တော်ကိုယ်စားလှယ်များသည် မေလ ၂၁ ရက်နေ့ကကျင်းပခဲ့သော လွှတ်တော်အစည်းအဝေးအတွင်း ဆွေးနွေးဆုံးဖြတ်ခဲ့ပြီးနောက် တိုလမ်းကို သမ္မတအသစ်အဖြစ်ခန့်အပ်ရန် ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

ဗီယက်နမ်နိုင်ငံတွင် သမ္မတအဖြစ်တာဝန်ယူသူများသည် အကျင့်ပျက်လာဘ်စားမှုပြဿနာများ ရင်ဆိုင်ခဲ့ရပြီးနောက် နှစ်အနည်းငယ်အတွင်း သမ္မတအပြောင်းအလဲများ မကြာခဏဖြစ်လာခဲ့ကြောင်း သိရသည်။

ဗီယက်နမ်နိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဧပြီလနောက်ပိုင်းတည်းက ၃ နှစ်ကျော်အတွင်း သမ္မတငါးဦးအထိ ပြောင်းလဲခဲ့ရကြောင်း သိရသည်။

ပြည်သူရေးရာလုံခြုံရေးဝန်ကြီး တိုလမ်းသည် ဗီယက်နမ်နိုင်ငံ အကျင့်ပျက်လာဘ်စားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် အဓိကအရေးပါသောသူတစ်ဦးဖြစ်ပြီး ဗီယက်နမ်နိုင်ငံအတွင်း အကျင့်ပျက်လာဘ်စားမှုများကို အမြစ်ပြုတ်တိုက်ဖျက်ရန် ရည်ရွယ်ထားသူဖြစ်ကြောင်း သိရသည်။

ဗီယက်နမ်နိုင်ငံ အာဏာရပါတီအတွင်းတွင်လည်း သမ္မတအပြောင်းအလဲများဖြစ်လာခြင်းနှင့်ပတ်သက်ပြီး ထိပ်သီးခေါင်းဆောင်သုံးဦးအနက် သုံးဦးနုတ်ထွက်ခဲ့ကြောင်း သိရသည်။

ကောင်းထက်ငွေ

channelnewsasia.com

ဗီယက်နမ်လွှတ်တော်က သမ္မတအသစ်တစ်ဦးကို ရွေးချယ်ခန့်အပ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.