ဗီဇာကင်းလွတ်ခွင့်များကို ပြန်လည်သုံးသပ်ရန် ထိုင်း၀န်ကြီးချုပ်အမိန့်ပေး

ဘန်ကောက်၊ ဧပြီ ၂၃

နိုင်ငံခြားခရီးသည်များအတွက် အကြိုဗီဇာကင်းလွတ်ခွင့်ကို ပြန်လည်သုံးသပ်ရန် နိုင်ငံခြားခရီးသွားလာရေးနှင့် အားကစားဝန်ကြီးဌာနကို ထိုင်းဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝါထရာက တရားမ၀င်လုပ်ဆောင်မှုများအားတားဆီးရန် အမိန့်ထုတ်ပြန်လိုက်သည်။

ယမန်နေ့ကပြုလုပ်သည့် ဝန်ကြီးအဖွဲ့အစည်းအဝေးတွင် ဝန်ကြီးချုပ်က ဝန်ကြီးဌာနသုံးခုသို့ ညွှန်ကြားချက်ထုတ်ပြန်ခဲ့ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူ ဂျီရာယူဟွမ်ဆက်က ယမန်နေ့က ပြောကြားခဲ့သည်။

ပြည်သူ့ပါတီအမတ် လက်ခနာဒီဆုမ်က မြောက်ပိုင်းပြည်နယ်များရှိ ထိုင်းတက္ကသိုလ်အချို့သည် အင်ဂျင်နီယာအလုပ်များ ထိုင်းနိုင်ငံတွင် တရားမ၀င်လုပ်ကိုင်နိုင်စေရန်အတွက် ကျောင်းသားဗီဇာထုတ်ပေးထားကြောင်း မကြာသေးမီက ပြောကြားခဲ့သည်။

သို့သော် ပြည်ထဲရေးဝန်ကြီး ချန်ဝါနာကူက လက်ခနာဒီဆုမ်၏ပြောဆိုချက်ကို မဖြစ်နိုင်ဟုငြင်းဆိုထားပြီး အင်ဂျင်နီယာအဖြစ် လာရောက်လုပ်ကိုင်သော နိုင်ငံခြားသားများသည် ထိုင်းအင်ဂျင်နီယာကောင်စီထံမှ လိုင်စင်ရယူရမည်ဖြစ်ပြီး၊ နိုင်ငံခြားသားကျောင်းသားများသည် အင်ဂျင်နီယာသင်တန်းများ တက်ရောက်နိုင်သော်လည်း အင်ဂျင်နီယာနှင့် ဆောက် လုပ်ရေးလုပ်ငန်းကို ကြီးကြပ်ခွင့်မပြုကြောင်း ပြောသည်။

ထိုင်းနိုင်ငံသည် အခြားနိုင်ငံနှင့် နယ်မြေ ၉၃ ခုမှ နိုင်ငံသားများအား ခရီးသွားလာရေး၊ စီးပွားရေး၊ အရေးပေါ် သို့မဟုတ် သီးသန့်အလုပ်အတွက် ရက်ပေါင်း ၆၀ အထိ ထိုင်းနိုင်ငံတွင် ဝင်ရောက်နေထိုင်ခွင့်ပြုထားသည်။

Ref: Thai PBS World

#ယနေ့ခေတ်

ဗီဇာကင်းလွတ်ခွင့်များကို ပြန်လည်သုံးသပ်ရန် ထိုင်း၀န်ကြီးချုပ်အမိန့်ပေး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.