ရန်ကုန်၊ ဖေဖော်ဝါရီ ၃
ရန်ကုန်တိုင်း၊ ဗိုလ်မြတ်ထွန်းလမ်းထောင့်တွင် Light truck နှင့် Taxi ကားတို့ အရှိန်မထိန်းနိုင်ပဲ ဝင်တိုက်ခဲ့၍ ခုနစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယနေ့နံနက် ၆ နာရီ မိနစ် ၅၀ ခန့်က ဗိုလ်မြိတ်ထွန်းလမ်းနှင့် မဟာဗန္ဓုလလမ်းတောင့်တွင် Light truck နှင့် Taxi ကားတို့ အရှိန်မထိန်းနိုင်ပဲ ဝင်တိုက်ခဲ့၍ ကားနှစ်စီးပေါ်တွင်လိုက်ပါလာသူ ၁၂ ဦးမှ ခုနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့အသင်းကို ဖုန်းဆက်လာတော့ ၆ နာရီကျော်ပြီးပေါ့နော်။ ဟွန်ဒိုင်း Light truck ကားနဲ့ Taxi နဲ့တိုက်တာ။ အရှိန်ကတော့ ပြင်းပုံပဲဗျ။ ဟွန်ဒိုင်းကားပေါ်မှာ ခုနှစ်လောက်တော့ပါတယ်။ Taxi ပေါ်မှာတော့ ငါးဦးလောက်ပါတယ်။ ကားနှစ်စီးပေါ်ကနေဆို စုစုပေါင်းခုနစ်ဦး ဒဏ်ရာရတယ်။ သုံးဦးကတော့ ဒဏ်ရာပြင်းတယ်ဗျ။” ဟု ဒေခံလူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ဒဏ်ရာရှိသူ လူနာများကို ရှင်သန်ရေး လူမှုကူညီရေးအသင်းမှာ လူနာတင်ယာဉ်ဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ချစ်ချစ်ခိုင်
ဓာတ်ပုံ-ရှင်သန်ရေး လူမှုကူညီရေးအသင်း
ယနေ့ခေတ်
ဗိုလ်မြတ်ထွန်းလမ်းထောင့်တွင် ကားတိုက်မှုဖြစ် ခုနစ်ဦးဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်