ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘီလာရုစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် အလည်အပတ်သွားရောက်မည်

ရန်ကုန်၊ မတ် ၅

နစကဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဘီလာရုစ်နိုင်ငံသမ္မတ မစ္စတာ လူကာရှန်းကော့၏ ဖိတ်ကြားချက်အရ ဘီလာရုစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် (Offical State Visit) ချစ်ကြည်ရေးခရီး ဆက်လက်သွားရောက်မည်ဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။

လက်ရှိတွင် နစကဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဥ်အဖြစ် ရောက်ရှိနေခြင်းဖြစ်သည်။

ယင်းခရီးစဉ်မှတဆင့် တစ်ဆက်တည်း ဘီလာရုစ်နိုင်ငံသမ္မတ မစ္စတာ လူကာရှန်းကော့၏ ဖိတ်ကြားချက်အရ ဘီလာရုစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် (Offical State Visit) ချစ်ကြည်ရေးခရီး ဆက်လက်သွားရောက်မည်ဖြစ်သည်။

ချစ်ကြည်ရေးခရီးစဉ်အတွင်း ဘီလာရုစ်နိုင်ငံသမ္မတ မစ္စတာ လူကာရှန်းကော့နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ဘီလာရုစ်နိုင်ငံဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ဘီလာရုစ်နိုင်ငံ အမျိုး သားလွှတ်တော်ဥက္ကဋ္ဌအပါအဝင် ဘီလာရုစ်နိုင်ငံအစိုးရအဖွဲ့မှ အဆင့်မြင့်အရာရှိကြီးများနှင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

တွေ့ဆုံဆွေးနွေးစဉ် နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများ ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာများနှင့် ကဏ္ဍပေါင်းစုံတွင် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ ပိုမိုတိုးတက်ခိုင်မာအောင် ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

#စုစု

ဓာတ်ပုံ – MOI (ရုရှားနိုင်ငံရောက် နစကဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်)

#ယနေ့ခေတ်

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘီလာရုစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် အလည်အပတ်သွားရောက်မည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.