ဗလမင်းထင်တံတားကို ယာယီပိတ်ထားခြင်းကြောင့် ကုန်သွယ်မှုများထိခိုက်နေ

ရန်ကုန်၊ နိုဝင်ဘာ ၂၉

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၏ အဓိကကုန်သွယ်ရေးလမ်းအဖြစ် အသုံးပြုနေသည့် ဗလမင်းထင်တံတားကို ယာယီပိတ်ထားသဖြင့် ကုန်သွယ်မှုများထိခိုက်လာကြောင့် ဒေသခံများထံမှ သိရသည်။

အဆိုပါ ဗလမင်းထင်တံတားကို နိုဝင်ဘာလ ၂၁ ရက်မှစတင်ကာ ယာယီပိတ်ထားမှုကြောင့် ရန်ကုန်-မြစ်ကြီးနား၊ မန္တလေး-မြစ်ကြီးနားကုန်သွယ်မှုများ ခက်ခဲထိခိုက်လာပြီး ကုန်ဈေးနှုန်းများ ထပ်မံမြင့်တက်လာနိုင်ကြောင်း သိရသည်။

“အခုဆို ဗလမင်းထင်တံတားလဲပိတ်ထားတော့ ကုန်ဈေးနှုန်းတွေက ဒီထက်မကမြင့်လာဖို့ဘဲရှိတယ်။ ရန်ကုန်နဲ့ မန္တလေးဘက်က ကုန်စည်တွေဆို ဒီတံတားကိုဖြတ်သယ်ရတာပါ။ စစ်ရေးအခြေအနေကြောင့် ပိတ်တာလို့ သိရတယ်။ ကုန်သွယ်မှုတွေကို တော်တော်ထိခိုက်ပါတယ်။” ဟု မြစ်ကြီးနားမြို့ခံ ကုန်သည်တစ်ဦးက ပြောသည်။

အဆိုပါတံတားကို ပိတ်လိုက်သည့်အတွက် ရန်ကုန်ဘက်မှ မြစ်ကြီးနားသို့တက်သည့် ကုန်တင်ကားများ နောက်ကြောင်းပြန်လှည့်ရသည့်အထိ ဖြစ်ခဲ့ရပြီး၊ ကုန်စိမ်းတင်ဆောင်လာသည့်ကုန်သည်များ အဓိကအခက်အခဲဖြစ်ပေါ် ခဲ့ကြောင်း ကုန်သည်များ၏ပြောပြချက်အရ သိရသည်။

မြစ်ကြီးနားမြို့တွင် ယခုအခါ ကုန်သွယ်ရေးခက်ခဲမှုများကြောင့် စက်သုံးဆီအပါအဝင် စားသောက်ကုန်နှင့် လူသုံးကုန်များ ပြတ်လပ်သည်အထိဖြစ်လာပြီး စက်သုံးဆီအရောင်းဆိုင်ကြီးများတွင်လည်း စက်သုံးဆီကို နာရီပိုင်းဖြင့်သာ အကန့်အသတ်ဖြင့်ရောင်းချနေကြောင်း သိရသည်။

#ခန့်ခန့်

ဓာတ်ပုံ – CJ

#ယနေ့ခေတ်

ဗလမင်းထင်တံတားကို ယာယီပိတ်ထားခြင်းကြောင့် ကုန်သွယ်မှုများထိခိုက်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.