ရန်ကုန်၊ အောက်တိုဘာ ၁၉
ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ ညောင်ပင်ရပ် ရပ်ကွက်၌ ယမန်နေ့ညပိုင်းတွင် နေအိမ်တစ်လုံး ဗုံးခွဲဖျက်ဆီးခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
အောက်တိုဘာ ၁၈ ရက်၊ ည ၇ နာရီခန့်က ဗန်းမော်မြို့၊ ညောင်ပင်ရပ် ရပ်ကွက်ရှိ နှစ်ထပ်တိုက်အိမ်တစ်လုံး ဗုံးခွဲဖျက်ဆီးခဲ့ပြီး နေအိမ်၌ နေထိုင်သူများမရှိကြောင်း သိရသည်။
“KIA ရဲ့အရာရှိဟောင်းရဲ့အိမ်လေ။ အိမ်ကလူတွေကို ရှေ့တစ်ရက်ကဖမ်းသွားတယ်၊ အိမ်ထဲကပစ္စည်းတွေကို ထုတ်ယူသွားတယ်တဲ့။ ပေါက်ကွဲတဲ့အချိန်မှာ လူမရှိဘူး။ အိမ်ကြီးက တော့ တော်တော်ပျက်စီးသွားတယ်။ အရှေ့မှာရပ်ထားတဲ့ ကားလည်းထိသွားတယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။
ဖျက်ဆီးခံခဲ့ရသည့် နေအိမ်သည် KIA မှ အရာရှိဟောင်းတစ်ဦး၏ နေအိမ်ဖြစ်ပြီး ၎င်းကို PDF နှင့် ပတ်သက်သည်ဟုစွပ်စွဲကာ အရာရှိဟောင်းအပါအဝင် မိသားစုဝင်များကို ဖမ်း ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖောက်ခွဲခံခဲ့ရသည့် အကြောင်းအရင်းနှင့်ပတ်သတ်ပြီး ယနေ့ခေတ်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ဂျူဂျူး
ဓာတ်ပုံ – စီဂျေ
ဗန်းမော်မြို့၌ နေအိမ်တစ်လုံး ဗုံးခွဲဖျက်ဆီးခံရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်