ဗန်းမော်တွင် Mytel ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြန်လည်ပြတ်တောက်

ရန်ကုန်၊ ဒီဇင်ဘာ ၈

ကချင်ပြည်နယ်၊ ဗန်းမာ်ခရိုင်၊ ဗန်းမော်မြို့နယ်တွင် Mytel ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြန်လည်ပြတ်တောက်နေကြောင်း သိရသည်။

ကချင်ပြည်နယ်၊ ဗန်းမာ်ခရိုင်၊ ဗန်းမော်မြို့နယ်အတွင်း၌ ဒီဇင်ဘာ ၂ ရက်က Mytel ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြန်လည်ရရှိခဲ့သော်လည်း တိုက်ပွဲများပြင်းထန်လာသဖြင့် ဒီဇင်ဘာ ၃ ရက်မှစတင်ပြီး ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြန်လည်ပြတ်တောက်သွားကြောင်း ကချင်ပြည်နယ်မှ ဒေသခံတစ်ဦးက ပြောသည်။

“ ဗန်းမော်၊ သုံးမိုင်အနားမှာ နစကတပ်နဲ့ KIA အဖွဲ့တွေ တိုက်ပွဲပြင်းထန်နေပါတယ်။ အဲ့ဒါကြောင့် ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်း ပြန်ပြတ်သွားတာ။ တိုက်ပွဲဖြစ်တာနဲ့ လိုင်းကပြတ်တောက်တာပဲ။” ဟု ၎င်းကပြောသည်။

ဗန်းမော်မြို့အနီးတွင် နစကတပ်နှင့် KIA, PDF ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး ကားလမ်း၊ ရေလမ်းတို့ကိုလည်း ယာယီဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားပြီး၊ ဗန်းမော်ဆေးရုံကြီးအနီးတွင် MPT ဖုန်းလိုင်းများရရှိနေသေးကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၉ ရက်ကလည်း စစ်ရေးအရအရေးပါသည့် မိုးမောက်မြို့အခြေစိုက် ခမရ ၄၃၇ တပ်စခန်းကြီးကို KIA, PDF ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲများပြင်းထန်ခဲ့ပြီး ဒေသခံပြည်သူအများအပြား ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

#ခန့်ခန့်

ဓာတ်ပုံ – CJ

#ယနေ့ခေတ်

ဗန်းမော်တွင် Mytel ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြန်လည်ပြတ်တောက် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.