ရန်ကုန်၊ ဇွန် ၅
ကချင်ပြည်နယ်၊ မိုးမောက်မြို့တွင် နှစ်ဖက်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ဗန်းမော်မြို့အတွင်း စစ်ဘေးရှောင် ၁၀,၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး၊ စားနပ်ရိက္ခာများ အခက်အခဲရှိနေကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။
မိုးမောက်မြို့တွင် နှစ်ဖက်တိုက်ပွဲများကြောင့် ဗန်းမော်မြို့အတွင်းသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုများကြောင့် ဒေသခံ ၁၀,၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး၊ ကုန်စျေးနုုန်းများမြင့်တက်လာ၍ စားနပ်ရိပ်က္ခာများ အခက်အခဲရှိနေကြောင်း စစ်ဘေးရှောင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
“ဗန်းမော်မှာက ကားတွေကဝင်လို့ကိုမရဘူး။ ပြီးခဲ့တဲ့ရက်က သင်္ဘောတွေလည်း မဆိုက်ရ၊ မကပ်ရဆိုတော့ ကုန်စျေးနှုန်းတွေက စျေးတွေတက်တယ်လေ။ အခြေခံလုပ်စား ကိုင်စားတွေအတွက်ဆို မတတ်နိုင်ဘူးလေ။ ဝယ်ခြမ်းစားဖို့လည်အဆင်မပြေကြဘူး။ တစ်ချို့ချမ်းသာတဲ့သူတွေကတော့ ကားစင်းလုံးငှါးပြီး စစ်ဘေးရှောင်ကြတယ်ပေါ့။ ဆင်းရဲတဲ့သူတွေကတော့ ဒီအထဲပဲနေပြီး ကြည့်ရှောင်ရတာပေါ့။ သေချင်လည်း သေပေါ့လေဆိုပြီး နေနေကြရတာပေါ့။ ကြားထဲက ပြည်သူတွေက မြေစာပင်ဖြစ်နေရတာပေါ့နော်။” ဟု စစ်ဘေးရှောင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

နှစ်ဖက်တိုက်ပွဲများကြောင့် ဗန်းမော်မြို့အတွင်း ဗုံးခိုကျင်းများပြုလုပ်ထားသည့် နေအိမ်အချို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုများကြောင့် ဘေးလွတ်ရာသို့ ထွက် ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံစစ်ဘေးရှောင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
“ကျွန်တော်တို့ ကားလမ်မဘေးကအိမ်မှာဆို ဗုံခိုကျင်းတွေပါတွေ တူထားတာ။ သဲအိတ်တွေ ကားတာယာတွေနဲ့လုပ်ထားတာ အခုတော့ အဲ့အိမ်မှာ နေမရတော့လို့ စွန့်ထားခဲ့ရတယ်။ အခုတော့ လမ်းကြားထဲက အိမ်ပြောင်းနေရတာပေါ့။ အခုနေရာမှာတော့ ဗုံခိုကျင်း မလုပ်နိုင်တော့ဘူး။ တူးရတာလည်း အခုဆိုစျေးကြီးတယ်လေ။ နောက်ထပ် မတူးနိုင်တော့ဘူး။ အခုလည်းပစ်နေတာ အသံတွေကြားနေရတယ်။ လက်နက်ကျချင်လည်းကျပေါ့ မတက်နိုင်ဘူးလေ။” ဟု ဒေသခံစစ်ဘေးရှောင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ဗန်းမော်မြို့အတွင်း စစ်ဘေးရှောင်းအချို့ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး၊ ရာသီဥတုအခြေအနေများကြောင့် စာနပ်ရိပ်က္ခာများ အခက်အခဲရှိလာကြောင်း စစ်ဘေးရှောင်များကို ကူညီနေသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
“ကျွန်တော်တို့ဘက်မှာတော့ မိုးကတော့စရွာနေပြီ။ စာနပ်ရပ်က္ခာတွေက နည်းနည်းတော့ခက်ခဲလာပြီဗျာ။ ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ အာလူးတို့က အဓိကလိုတာပေါ့နော်။ မိုးတွင်းအတွက် အမိုးအကာတွေက တစ်ချို့ကတော့ မြို့ပေါ်ကဘုန်းကြီးကျောင်းတွေမှာနေတာဆိုတော့ အဆင်ပြေပါတယ်။ စစ်ဘေးရှောင်စာရင်းကိုတော့ သေချာမသိရဘူးဗျ။ Camp တွေမှာလည်း နေကြတာဆိုတော့။ ကျောင်းတက်သူတွေလည်းရှိပါတယ်။” ဟု စစ်ဘေးရှောင်များကို ကူညီနေသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ကချင်ပြည်နယ်၊ မို့မောက်မြို့အတွင်း နှစ်ဖက်တိုက်ပွဲများဖြစ်ပွားနေသည်မှာ သုံးလကျော်ကြာခဲ့ပြီဖြစ်ကြောင်း သိရသည်။
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် ပြင်းထန်သည့်တိုက်ပွဲများ ဖြစ်ပေါ်နေခြင်းကြောင့် ကျေးရွာနှစ်ရွာအတွင်းမှ စစ်ဘေးရှောင်လူဦးရေ ၈၀၀ ကျော်သည် မေလ ၁၁ ရက်နေ့မှစ ကာ နေရပ်စွန့်ခွါထွက်ပြေးနေရကြောင်း UN OCHA Myanmar ၏ထုတ်ပြန်ချက်အရ သိရသည်။
ချစ်ချစ်ခိုင်
ဓာတ်ပုံ-CJ
ယနေ့ခေတ်
ဗန်းမော်တွင် လူဦးရေ ၁၀,၀၀၀ ကျော် စစ်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရ စားနပ်ရိက္ခာအခက်အခဲရှိနေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်