ဖြူးမြို့နယ်၌ ဘေလီတံတားတစ်စင်း မိုင်းခွဲဖျက်ဆီးခံရပြီး လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေ

ဖြူး၊ စက်တင်ဘာ ၂၀

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဝဲကြီးတောင်ရွာနှင့် ဝဲကြီးမြောက်ရွာအား ဆက်သွယ်ထားသည့် ဘေလီတံတားတစ်စင်း မိုင်းခွဲဖျက်ဆီးခံရခြင်းကြာင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက် နေကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ စက်တင်ဘာ ၁၉ ရက်၊ ည ၁၀ နာရီကျော်က ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဝဲကြီးတောင်ရွာနှင့် ဝဲကြီးမြောက်ရွာအား ဆက်သွယ်ထားသည့် သံဖြင့်ပြုလုပ်ထားသော ဘေလီတံ တားအား ဒေသတွင်း လက်နက်ကိုင်အဖွဲ့များက မိုင်းခွဲဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

” မနေ့က ဖျက်ဆီးခံရတာ။ ဘယ်အဖွဲ့က လုပ်တာလည်းတော့မသိဘူး။ လူအယောက် ၂၀ ကျော်လောက်ပါတဲ့ လက်နက်ကိုင်အဖွဲ့က ဖျက်ဆီးသွားတာ။ အခုလမ်းပန်းဆက်သွယ် ရေး ပြတ်တောက်နေတယ်။ ဒေသခံတွေ အဓိက အသုံးပြုတဲ့တံတားပါ အခက်အခဲရှိတာပေါ့။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

အဆိုပါ တံတားသည် ကျေးရွာချင်းဆက် ကျေးရွာ ၅၀ ကျော် အဓိက အသုံပြုနေသည့်တံတားဖြစ်ကြောင်း တံတားမိုင်းခွဲဖျက်ဆီးခံခဲ့ရသဖြင့် တံတား၏မြောက်ဘက်အစပ်မှ ၁၀ ပေ၊ ၅ ကန့် စုစုပေါင်းပေ ၅၀ နှင့် တံတားထိပ်ရှိ ဓာတ်တိုင် ၄ တိုင် ခန့်မှန်းတန်ဖိုးငွေကျပ် သန်း ၁၀၀ ကျော် ပျက်စီးသွားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်ကလည်း ဖြူးမြို့နယ်၊ ကညွှတ်ကွင်း-မိဿလင် သွားကားလမ်းပေါ်က တံတားတစ်စင်း မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရသေးကြောင်း သတင်းမှတ် တမ်းများအရ သိရသည်။

ဝဏ္ဏ

#ယနေ့ခေတ်

Photo – CJ

ဖြူးမြို့နယ်၌ ဘေလီတံတားတစ်စင်း မိုင်းခွဲဖျက်ဆီးခံရပြီး လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.