ဖေ့ဘွတ်စ်နှင့်အင်စတာဂရမ်တို့တွင် နည်းပညာပိုင်းချို့ယွင်းချက်ရှိလာခဲ့ပြီးနောက် မီတာကုမ္မဏီ၏ရှယ်များ ကျဆင်း

ဘန်ကောက်၊ မတ် ၇

မတ်လ ၅ ရက်နေ့က ကမ္ဘာကျော်မီတာကုမ္မဏီ၏ လူမူကွန်ရက်များဖြစ်သော ဖေ့ဘွတ်စ်နှင့် အင်စတာဂရမ် အသုံးပြုမှု အခက်ခဲဖြစ်လာခဲ့ပြီးနောက် မီတာကုမ္မဏီ၏ ရှယ်ယာများ ရုတ်တရက်ကျဆင်းခဲ့ကြောင်း သိရသည်။

ဖေ့ဘွတ်စ်နှင့် အင်စတာဂရမ်အသုံးပြုသူများသည် အဆိုပါလူမူကွန်ရက်များကို အသုံးပြုရာတွင် ၂ နာရီကျော်ကြာ အဆင်မပြေဖြစ်ခဲ့ပြီး ထိုင်းနိုင်ငံအပါအဝင် ကမ္ဘာတဝှမ်းကိုရိုက်ခတ်မှုများဖြစ်လာခဲ့ကြောင်း သိရသည်။

ဖေ့ဘွတ်စ်နှင့် အင်စတာဂရမ် လူမူကွန်ရက်များသည် နည်းပညာပိုင်းချို့ယွင်းချက်များဖြစ်လာခဲ့ပြီးနောက် မတ်လ ၅ ရက်၊ ညပိုင်းတွင် အသုံးပြုသူများကြား အဆင်မပြေဖြစ်လာခဲ့ပြီးနောက် အသုံးပြသူများက တိုင်ကြားမှုများရှိခဲ့ပြီး ဖေ့ဘွတ်စ်နှင့်ပတ်သက်ပြီး တိုင်ကြားစာ ၅ သိန်းကျော်၊ အင်တာစဂရမ်နှင့်ပတ်သက်ပြီး တိုင်ကြားစာ ၁ သိန်းနီးပါးရှိခဲ့ကြောင်းDowndetector က ဖော်ပြခဲ့သည်။

နည်းပညာပိုင်းချို့ယွင်းချက်ကြောင့် ဖေ့ဘွတ်စ်နှင့် အင်စတာဂရမ် အသုံးပြုသူများကြား အဆင်မပြေဖြစ်ခဲ့ပြီးနောက် မီတာကုမ္မဏီ၏ ရှယ်ယာဈေးနှုန်းက ၁ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မီတာကုမ္မဏီ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သော အန်ဒီစတုန်းက “ နည်းပညာပိုင်းဆိုင်ရာ အခက်ခဲချို့ယွင်းချက်တွေ ဖြစ်ခဲ့ရတယ်။ ကျွန်တော်တို့ လူမူကွန်ရက်တွေနဲ့ပတ်သက်ပြီး သုံးစွဲနေသူတွေဟာ ဝန်ဆောင်မှုအပြည့်အဝမရခဲ့ဘူး။ ဒါပေမယ့် ကျွန်တော်တို့ဟာ အခက်ခဲတွေကို ဖြေရှင်းနိုင်တယ်။” ဟု ပြောသည်။

မီတာကုမ္မဏီသည် ၎င်းတို့ လူမူကွန်ရက်များတွင်ဖြစ်ပေါ်ခဲ့သော နည်းပညာပိုင်းဆိုင်ရာချို့ယွင်းချက်၏ အသေးစိတ်အခြေနေများကို ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိခဲ့ကြောင်း သိရ သည်။

ဖေ့ဘွတ်အသုံးပြုသူတစ်ဦးက “ Facebook အသုံးပြုချိန်မှာ logged out ဖြစ်ခြင်းအပါအဝင် အခြားအခက်ခဲတွေရင်ဆိုင်ခဲ့ရတယ်။ အကောင့်ပြန်ဝင်ဖို့ ကြိုးပမ်းချိန်မှာလည်း Something went wrong. Please try again ပဲပေါ်နေခဲ့တယ်။” ဟု ပြောသည်။

ကောင်းထက်ငွေ

thaipbsworld.com

ဖေ့ဘွတ်စ်နှင့်အင်စတာဂရမ်တို့တွင် နည်းပညာပိုင်းချို့ယွင်းချက်ရှိလာခဲ့ပြီးနောက် မီတာကုမ္မဏီ၏ရှယ်များ ကျဆင်း အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.