ဖေဖော်ဝါရီ ၂၆ ရက်တွင် အမေရိကန်ဒေါ်လာ ၈ သန်းနှင့် ထိုင်းဘတ် သန်း ၂၀၀ ဗဟိုဘဏ်ရောင်းချပေးမည် ဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း အမေရိကန်ဒေါ်လာ ၈ သန်းနှင့် ထိုင်းဘတ် သန်း ၂၀၀ ကိုရောင်းချပေးမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

နိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်တက်နေချိန်တွင် ဗဟိုဘဏ်ကထုတ်ရောင်းပေးခြင်းဖြစ်ပြီး၊ ဖေဖော်ဝါရီလအတွင်း နိုင်ငံခြားငွေကြေးဈေးကွက်တွင် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များကို (၈)ကြိမ်မြောက် ရောင်းပေးခြင်းဖြစ်ကြောင်း သိရသည်။

“ သူကတော့ ငွေဈေးတတ်ချိန်၊ ဘဏ္ဍာနှစ်ကုန်ဆုံးချိန်၊ ကုန်သွယ်မှုလိုငွေတွေကြောင့် ဒီရက်ပိုင်း ဆက်တိုက်ထုတ်ရောင်းပေးနေတာ။ ဒေါ်လာဈေးသာတတ်နေတာ အရောင်းမဝယ်သိပ်မဖြစ်ဘူး။ ငွေကြေးဈေးကွက်ကအေးတယ်။” ဟု Money Changer လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း ဒေါ်လာ ၁၂၁ ဒသမ ၃၁ သန်းနှင့် ထိုင်းဘတ်သန်း ၉၀၀ ကို တစ်လခွဲအတွင်းရောင်းချပေးထားကြောင်း ထုတ်ပြန်ထားချက်အရ သိရသည်။

ထို့ပြင် ဇန်နဝါရီ ၁ ရက်တွင် အမေရိကန်ဒေါ်လာ ၄ သန်းနှင့်ညီမျှသော တရုတ်ယွမ်ငွေအား SWAP Facility (ကျပ်ငွေကိုအပေါင်ယူပြီး ၎င်းနှင့်ညီမျှသော နိုင်ငံခြားငွေထုတ်ပေးခြင်း) စနစ်ဖြင့် ဗဟိုဘဏ်က ထုတ်‌ရောင်းပေးထားပြီး၊ သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာ ၁ ဒသမ ၄ သန်း၊ တရုတ်ယွမ် ၄ ဒသမ ၂ သန်းနှင့် ထိုင်းဘတ် ၁၃ ဒသမ ၅ သန်း ရောင်းချပေးထားကာ၊ စက်သုံးဆီတင်သွင်းသည့် ကုမ္ပဏီများအတွက် ဒေါ်လာ ၂၂ ဒသမ ၁၅ သန်းရောင်းချပေးခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၅ ရက်မှစတင်ကာ နိုင်ငံခြားငွေကို လွတ်လပ်စွာရောင်းဝယ်ခွင့်ပြုပြီးနောက် ဒေါ်လာငွေလဲလှယ်နှုန်းသည် တရိပ်ရိပ်မြင့်တက်ခဲ့ပြီး ယခုအခါ တစ်ဒေါ်လာ ၃၆၀၀ ကျပ်ကျော်ရှိကြောင်း သိရသည်။

#စုစု

ဓာတ်ပုံ – MWD

#ယနေ့ခတ်

ဖေဖော်ဝါရီ ၂၆ ရက်တွင် အမေရိကန်ဒေါ်လာ ၈ သန်းနှင့် ထိုင်းဘတ် သန်း ၂၀၀ ဗဟိုဘဏ်ရောင်းချပေးမည် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.