ဝါရှင်တန်၊ ဇူလိုင် ၄
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် သမ္မတရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မှုမှ နုတ်ထွက်ရန်ဖိအားပေးခံနေရသော်လည်း အဆုံးအထိဆက်လက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ထုတ် ဖော်ပြောဆိုလိုက်သည်။
အသက် ၈၁ နှစ်အရွယ်ရှိ ဂျိုးဘိုင်ဒန်သည် ပြီးခဲ့သောသီတင်းပတ်အတွင်းကျင်းပခဲ့သော စကားစစ်ထိုးပွဲတွင် မျှော်လင့်သလောက် ရလဒ်ကောင်းမွန်မှုမရှိခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့မှုနှင့်အတူ ဒီမိုရက်တစ်ပါတီ အားပေးထောက်ခံသူများနှင့် လွှတ်တော်ကိုယ်စားလှယ်များက ဂျိုးဘိုင်ဒန်ကို သမ္မတရာထူးမှနုတ်ထွက်ရန်၊ လွှတ်တော်ကိုယ်စားလှယ်နေ ရာတွင်အစားထိုးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။
ဂျိုးဘိုင်ဒန်နှင့်နီးစပ်သူများက ဖိအားများရင်ဆိုင်နေရသော်လည်း ဂျိုးဘိုင်ဒန်သည် ရာထူးမှနုတ်ထွက်မည်မဟုတ်သလို သမ္မတလောင်းအဖြစ် ရွေးချယ်ခံထားရမှုကို လက်လျော့မည်မဟုတ်ကြောင်း ပြောသည်။
ဂျိုးဘိုင်ဒန်က “ ကျွန်တော်ကို ဘယ်သူမှ တွန်းအားပေးလို့မရဘူး။ ကျွန်တော်ဟာ သမ္မတရာထူးမှ နုတ်ထွက်မှာမဟုတ်ဘူး။ နိုဝင်ဘာလအတွင်းကျင်းပမယ့် ရွေးကောက်ပွဲမှာလည်း ပါဝင်ယှဉ်ပြိုင်မယ့်အစီအစဉ်ကို နောက်ဆုတ်သွားမှာမဟုတ်ဘူး။ ရွေးကောက်ပွဲမှာ အဓိကပြိုင်ဘက် ဒေါ်နယ်ထရမ့်ကို အနိုင်ရအောင် အားလုံးကူညီပေးစေလိုတယ်။” ဟု ပြော သည်။
သမ္မတဟောင်းဒေါ်နယ်ထရမ့်နှင့်ပြုလုပ်သော စကားစစ်ထိုးပွဲအတွင်း ဂျိုးဘိုင်ဒန်၏ပုံစံက ဆိုးရွားလွန်းနေကြောင်း ဝေဖန်မှုများရှိနေသော်လည်း အုပ်ချုပ်ရေးတာဝန်ရှိသူအချို့က တော့ ဂျိုးဘိုင်ဒန်ကို ဆက်လက်အားပေးထောက်ခံမည်ဟုပြောသည်။
ဂျိုးဘိုင်ဒန်သည် လက်ရှိအချိန်တွင်အသက် ၈၁ နှစ်အရွယ်ရှိနေပြီး၊ အသက်အရွယ်နှင့် ကျန်းမာရေးပိုင်းအခြေနေများက မေးခွန်းထုတ်စရာဖြစ်လာနေကြောင်း အမေရိကန်မီဒီယာ များက ဝေဖန်ရေးသားကြသည်။
ကောင်းထက်ငွေ
channelnewsasia.com
ဖိအားပေးခံရသော်လည်း အမေရိကန်သမ္မတရာထူးနှင့် သမ္မတလောင်းအဖြစ်မှ နုတ်ထွက်မည်မဟုတ်ဟု ဂျိုးဘိုင်ဒန် ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်