မနီလာ၊ မတ် ၁၁
ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးကို မတ် ၁၁ ရက်၊ အင်္ဂါနေ့ညက အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး (ICC)ရှိရာ နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့သို့ လေယာဉ်ဖြင့်ပို့ ဆောင်ခဲ့ကြောင်း သိရသည်။
မတ်လ ၁၁ ရက်၊ ဒေသစံတော်ချိန် ည ၉ နာရီခန့်တွင် ဒူတာတေးကို အခြားသုံးဦးနှင့်အတူ မနီလာအပြည်ပြည်ဆိုင်ရာလေဆိပ်မှ စင်းလုံးငှားလေယာဉ်ဖြင့် ICC ရုံးချုပ်ရှိရာ နယ်သာလန်မြို့သို့ ပို့ဆောင်ခဲ့ကြောင်း သူ၏ရှေ့နေ Martin Delgra က ပြောကြားသည်။
အသက် ၇၉ နှစ်ရှိ ဒူတာတေးအား ဟောင်ကောင်ခရီးမှ ပြန်လာပြီးနောက် မနီလာလေဆိပ်တွင် အင်္ဂါနေ့ နံနက်ပိုင်းက ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း ဖိလစ်ပိုင်အစိုးရက ပြောကြားခဲ့သည်။
သူသည် ၂၀၁၆ မှ ၂၀၂၂ ခုနှစ်အတွင်း ၎င်း၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစစ်ပွဲတွင် လူသားမျိုးနွယ်အပေါ် ကျူး လွန်သောရာဇဝတ်မှုများဖြင့် စွဲချက်တင်ခံထားရသည်။
“ကျွန်မ ဒီစာကိုရေးရင်း သူ့ကို ဒီည သည်ဟိဂ်ကို အတင်းအကြပ်ခေါ်ဆောင်ခံရတယ်။ ဒါဟာ တရားမျှတမှုမဟုတ်ဘူး၊ ဒါက ဖိနှိပ်မှုနဲ့ နှိပ်စက်ညှဉ်းပန်းမှုပဲ၊ ဒေသဆိုင်ရာ တရားရေးအာဏာပိုင်များရှေ့မှာ သူ့အခွင့်အရေးကို အခိုင်အမာထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိခဲ့ဘူး။” ဟု ဒူတာတေး၏သမီးဖြစ်သူ ဒုတိယသမ္မတ ဆာရာ ဒူတာတေးက ပြောကြားသည်။
ဒူတာတေး၏ သမီးအငယ်ဆုံးက ဖခင်ဖြစ်သူက လေယာဉ်ပေါ်တက်ခဲ့ကြောင်း အစောပိုင်းတွင် လူမှုကွန်ရက်တွင် ပို့စ်တင်ခဲ့သော်လည်း အဆိုပါခရီးစဉ်ကို မိသားစုအားအသိပေးခြင်းမရှိကြောင်း ပြောကြားသည်။
Ref: Bangkok Post
#ယနေ့ခေတ်
ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးကို သည်ဟိဂ်မြို့သို့ ပို့ဆောင် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်