မနီလာ၊ မေ ၁၀
တရုတ်သံတမန်များ၏ လုပ်များနှင့်ပတ်သက်ပြီး ဖိလစ်ပိုင်နိုင်ငံအတွင်းမှ တရုတ်သံတမန်များကို နှင်ထုတ်သင့်ကြောင်း ဖိလစ်ပိုင်နိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီ အကြံပေးဖြစ်သူ အီကွာဒိုအာနိုက ထုတ်ဖော်ပြောဆိုလိုက်သည်။
ဖိလစ်ပိုင်နိုင်ငံအတွင်းရှိ တရုတ်သံတမန်များသည် သံတမန်ရေးစည်းကမ်းများနှင့် ဖိလစ်ပိုင်နိုင်ငံဥပဒေကို ချိုးဖောက်သောလုပ်ရပ်များ လုပ်ကိုင်နေသည့်အတွက် နိုင်ငံအတွင်းမှနှင်ထုတ်ရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
တရုတ်သံတမန်များသည် ဖိလစ်ပိုင်နိုင်ငံ၏လူအဖွဲ့စည်းအတွင်း စုစည်းညီညွှတ်မှုများ ပြိုကွဲစေရန်၊ သဘောထားအမြင်ကွဲလွဲမှုစေရန်အတွက် ရည်ရွယ်ချက်ရှိရှိဖြင့် ပြည်တွင်းလုပ် ကြံမှုများဖြစ်စေရန် ရည်ရွယ်လုပ်ဆောင်နေကြောင်း ဖိလစ်ပိုင် အမျိုးသားလုံခြုံရေးကောင်စီက ပြောသည်။
ထိုအပြင် အကြံပေးဖြစ်သူက တရုတ်သံရုံးရှိ ဝန်ထမ်းအားလုံး ဂျနီဖာသံတမန်ရေးစည်းကမ်းများအပြင် ဖိလစ်ပိုင်နိုင်ငံ၏ ပြည်တွင်းဥပဒေများကို ချိုးဖောက်နေကြောင်း ထပ်မံပြောဆိုခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် တောင်တရုတ်ပင်လယ်အတွင်း ပိုင်နက်နယ်မြေ အငြင်းပွားမှုများနှင့်ပတ်သက်ပြီး ထိပ်တိုက်တွေ့ဆုံမှုများရှိလာခဲ့ပြီးနောက် တရုတ်သံတမန်များကိုနှင်ထုတ်ရန် ဖိလစ်ပိုင်အာဏာပိုင်များက တိုက်တွန်းနေခြင်းဖြစ်သည်။
တရုတ်စစ်သင်္ဘောများသည် တောင်တရုတ်ပင်လယ်အတွင်းရှိ ဖိလစ်ပိုင်ကျွန်းများကို သွားရောက်သော ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့၏ သင်္ဘောများကို ဟန့်တားနှောက်ယှက်ခြင်းများ၊ မီးသတ်ပိုက်ဖြင့်ထိုးခြင်းများ၊ သင်္ဘောကိုဝင်တိုက်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ဖိလစ်ပိုင်သည် တရုတ်စစ်သင်္ဘောများ၏လုပ်ရပ်ကို ကာကွယ်နိုင်ရန်အတွက် အမေရိကန်အပါအဝင် ဒေသအတွင်းရှိ အခြားမဟာမိတ်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိနေကြောင်း သိရသည်။
ကောင်းထက်ငွေ
bangkokpost.com
ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ်သံတမန်များကို နိုင်ငံအတွင်းမှနှင်ထုတ်ရန် တောင်းဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်