ဖားကန့်  နွံကန်ပြိုကျမှု ရှာဖွေမှုရပ်ဆိုင်း

ရန်ကုန်၊ ဇန်နဝါရီ ၁၇

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာမှာဖြစ်ပွားခဲ့သည့် ဖားကန့် နွံကန်ပြိုကျမှုကို ရှာဖွေမှုရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ကူညီကယ်ဆယ်ရေးလုပ်နေသူများ၏ ပြောပြချက်အရ သိရသည်။

လက်ရှိတွင် ရုပ်အလောင်း ၃၂ လောင်းအထိရရှိထားပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း သိရသည်။

“ ရှာဖွေမှုကတော့ ရပ်ဆိုင်းလိုက်ပြီ။ ကျန်သေးတဲ့သူတွေလည်းရှိသေးတာပေါ့။ ဆက်မရှာတော့ဘူး။ ရှာတွေ့ထားတဲ့ရုပ်အလောင်းအချို့ကိုတော့ မီးသဂြိုလ်ပြီးပါပြီ။” ဟု ကူညီကယ် ဆယ်ရေးလုပ်ကိုင်သူတစ်ဦးက ပြောသည်။

ဇန်နဝါရီ ၁၃ ရက်၊ နံနက် ၁ နာရီဝန်းကျင်တွင် နွံကန်ကျိုးပေါက်မှုဖြစ်ပွားခဲ့ကာ နေအိမ် ၅၀ ကျော် နစ်မြုပ်သွားခြင်းဖြစ်ပြီး အသက် ၂ နှစ်မှ ၉ နှစ်အရွယ်ကလေးများလည်းပါဝင်ကြောင်း သိရသည်။

၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း ဖားကန့်ရှိကျောက်တူးခြင်းကို ပိတ်ထားခဲ့ရာမှ ယခုနောက်ပိုင်းတွင် ပြန်လည်လုပ်ကိုင်နေကြခြင်းဖြစ်သည်။

#စုစု

ဓာတ်ပုံ – ဒေသခံ

#ယနေ့ခေတ်

ဖားကန့်  နွံကန်ပြိုကျမှု ရှာဖွေမှုရပ်ဆိုင်း အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.