ဖလမ်းမြို့တွင် စစ်ဘေးရှောင်များ အကူအညီလိုအပ်နေ

ရန်ကုန်၊ နိုဝင်ဘာ ၁၈

ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားနေခြင်းကြောင့် ဒေသခံတစ်သောင်းကျော် စစ်ဘေးရှောင်နေရပြီး၊ စစ်ဘေးရှောင်များမှာ အကူအညီလိုအပ်နေကြောင်း စစ်ဘေးရှောင်များကို ကူညီနေသူများထံမှ သိရသည်။

ဖလမ်းမြို့နယ်တွင် နစကတပ်နှင့် ဒေသတွင်းလက်နက်ကိုင်အဖွဲ့များ တိုက်ပွဲဖြစ်ပွားခြင်းကြောင့် စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာများ၊ အနွေးထည်နှင့် ခြုံစောင်များ လိုအပ်နေကြောင်း စစ်ဘေးရှောင်များကို ကူညီနေသူများက ပြောသည်။

“ဖလမ်းမြို့နယ်မှာ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ပြန်ဖြစ်နေတယ်။ တိုက်ပွဲကြောင့် အရပ်သားသေဆုံးထိခိုက်မှုတွေရှိလာတယ်။ ကလေးငယ်တွေအပါအဝင် စစ်ဘေးရှောင်ကသောင်ချီရှိနေတာ။ အခု စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာအပြင် စောင်တွေ၊ အနွေးထည်တွေလိုအပ်နေတာ။” ဟု ချင်းပြည်နယ်အခြေစိုက် လူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

နိုဝင်ဘာလ ပထမအပတ်မှစတင်ကာ ချင်းပြည်နယ်ရှိ ဖလမ်း၊ မင်းတပ်၊ မတူပီနှင့် ပလက်ဝအပါအဝင် အခြားမြို့ နယ်များတွင် တကျော့ပြန်တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်ဘေးရှောင်များအရေး ကူညီဆောင်ရွက်ပေးသူများထံမှ သိရသည်။

#ခန့်ခန့်

#ယနေ့ခေတ်

ဖလမ်းမြို့တွင် စစ်ဘေးရှောင်များ အကူအညီလိုအပ်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.