ရန်ကုန်၊ နိုဝင်ဘာ ၂
တိုက်ပွဲများကြောင့် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန် ပိတ်ထားသည့်အတွက် ထိုင်းနိုင်ငံသို့ တင်ပို့သွားမည်ဖြစ်ကြောင်း ဖရဲစိုက်တောင်သူများထံမှ သိရသည်။
“ အထက်ဘက်က ပိတ်ထားတော့ အောက်ဘက်ကိုပြောင်းပြီး တင်ပို့ဖို့လုပ်နေတယ်။ မော်လမြိုင်၊ ဘားအံတို့ဘက်ကနေ ပို့ဖို့အတွက် ပွဲစားတွေနဲ့ ညှိနေတယ်” ဟု ဖရဲစိုက်တောင် သူတစ်ဦးက ပြောသည်။
အောက်တိုဘာလကုန်ပိုင်းမှစတင်၍ ဖရဲရာသီအစဖြစ်ပြီး တိုက်ပွဲစတင်ဖြစ်ပွားသည့်အချိန်မှစ၍ ယနေ့အထိ ဖရဲကားများပိတ်မိနေကာ အသီးများပုပ်၍ လွှင့်ပစ်ရသည့် အခြေအ နေများရှိနေကြောင်း စုံစမ်းသိရှိရသည်။
မြန်မာနိုင်ငံမှထွက်ရှိသည့် သစ်သီးများကို တရုတ်နိုင်ငံသို့တင်ပို့ရာတွင် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးစခန်းမှ အဓိကအများဆုံးတင်ပို့နေကြောင်း သိရသည်။
မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ သီးနှံ ၂၅ မျိုးကို အဓိကထားတင်ပို့နေခြင်းဖြစ်ပြီး လက်ရှိစျေးကွက်အတွင်း မသေချာမရေရာမှုများကြောင့် ကုန်သည်များနှင့် စိုက်ပျိုးတောင်သူများ အနေဖြင့် စိုးရိမ်ပူပန်မှုများရှိနေကြောင်း သိရသည်။
ဓာတ်ပုံ – ခွာညိုသစ်သီးပွဲရုံ
ဖရဲစိုက်တောင်သူများအနေဖြင့် မူဆယ်လမ်းကြောင်း ပိတ်ထားသည့်အတွက် ထိုင်းနိုင်ငံသို့ တင်ပို့မည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်