ဖရူဆို၊ အောက်တိုဘာ ၈
ကယားပြည်နယ်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ ကျေးရွာတစ်ရွာ၌ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးတစ်ဦး သေဆုံးခဲ့ကြောင်း စစ်ရှောင်များအား ကူညီပေးနေသူထံမှ သိရသည်။
‘အောက်တိုဘာ ၇ ရက်၊ မနေ့က ရွာထဲလက်နက်ကြီးကျည်ကျတာ။ စစ်ရှောင်တွေနေတဲ့ရွာထဲကို လက်နက်ကြီးကျည်ကျတာ။ အသက် ၈ အရွယ် ကလေးတစ်ဦးဆုံးသွားတယ်။ အဲ့ဒီကလေးငယ်က လက်နက်ကြီးကျည်စတွေထိမှန်ပြီး နေရာမှာတင် သေဆုံးခဲ့တာလို့ သိရတယ်။” ဟု စစ်ရှောင်များအား ကူညီပေးသူတစ်ဦးက ပြောသည်။
လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ယာယီစစ်ရှောင်နေအိမ် ၄ လုံးထက်မနည်း ပျက်စီးခဲ့ပြီး စစ်ရှောင်များ အပြင်ထွက်နေသည့်အချိန် ပေါက်ကွဲမှုဖြစ်ပွားခြင်းဖြစ် သည့်အတွက် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း မရှိကြောင်း သိရသည်။
ထို့အပြင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသည့် နေရာသည် လတ်တလော တိုက်ပွဲဖြစ်ပွားခြင်းမရှိကြောင်း လက်နက်ကြီးကျည် လေးလုံးအထိ ကျရောက်ပေါက်ကွဲခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
ဝဏ္ဏ
ဖရူဆိုမြို့နယ်၌ လက်နက်ကြီးကျည် ကျရောက်ပေါကွဲမှုကြောင့် စစ်ဘေးရှောင် ကလေးငယ် သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်