တဲလ်အဗစ်၊ မေ ၁၃
ရာဖယ်မြို့အပါအဝင် ဂါဇာဒေသရှိနေရာများကို အစ္စရေးစစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်မှုများ ဖြစ်ပွားလာခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် အစ္စရေးနိုင်ငံ၊ တဲအဲဗစ်မြို့တွင် ဆန္ဒပြ ပွဲများဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထောင်နှင့်ချီသော အစ္စရေးဆန္ဒပြပြည်သူများသည် မေလ ၁၁ ရက်နေ့တွင် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ ဖမ်းဆီးထားသော အစ္စရေးနိုင်ငံသားဓါးစာခံများကို အမြန်ဆုံးပြန်လွတ် မြောက်စေရန် တောင်းဆိုဆန္ဒပြခဲ့ကြောင်း သိရသည်။
ဆန္ဒပြသူများသည် ဟားမက်စ်လက်နက်ကိုင်အုပ်စု၏ ဖမ်းဆီးခြင်းခံထားရသော အစ္စရေးပြည်သူများ၏ဓါတ်ပုံများကို ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြောင်း သိရသည်။
အစ္စရေးရဲတပ်ဖွဲ့သည် တဲအဲဗစ်မြို့တွင်ပြုလုပ်ခဲ့သော အစ္စရေးပြည်သူများ၏ ဆန္ဒပြပွဲများကို မီးသတ်ပိုက်များအသုံးပြုကာ လူစုခွဲခဲ့ကြောင်း သိရသည်။
ဆန္ဒပြပွဲတွင်ပါဝင်ခဲ့သူတစ်ဦးက “ ဟားမက်လက်နက်ကိုင်အုပ်စုတွေ ဖမ်းဆီးခံထားရသူတွေထဲမှာပါဝင်နေသူတွေကို အသက်ရှင်လွတ်မြောက်အောင် ကူညီပေးစေလိုတယ်။ ဟားမက်စ်လက်နက်ကိုင်အဖွဲ့လက်ထဲမှာ အသက်ရှင်ကျန်ရစ်သူတွေကို အမြန်ဆုံးပြန်လွတ်မြောက်အောင် ကယ်တင်ပေးရမယ်။” ဟု ပြောသည်။
ဟားမက်စ်လက်နက်ကိုင်အုပ်စုသည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလက အစ္စရေးနိုင်ငံကို ရုတ်တရက်တိုက်ခိုက်ခဲ့ပြီး အစ္စရေးနိုင်ငံသားများအပါအဝင် လူပေါင်း ၁၀၀၀ ကျော်ကိုဖမ်း ဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။
အစ္စရေးသည် အဆိုပါတိုက်ခိုက်မှုများနှင့်ပတ်သက်ပြီး ဟားမက်စ်လက်နက်ကိုင်အဖွဲ့ ထိန်းချုပ်ထားသော ဂါဇာဒေသကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး လက်ရှိအချိန်တွင်လည်း ဂါဇာဒေသရှိ ရာဖယ်မြို့ကို စတင်တိုက်ခိုက်နေကြောင်း သိရသည်။
ကောင်းထက်ငွေ
channelnewsasia.com
ဖမ်းဆီးခံထားသူများ အမြန်ဆုံးပြန်လွတ်မြောက်စေရန် အစ္စရေးပြည်သူများ ဆန္ဒပြ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်