တဲလ်အဗစ်၊ ဖေဖော်ဝါရီ ၂၂
ဟားမက်စ်လက်နက်ကိုင်အုပ်စုလက်ထဲတွင် ဖမ်းဆီးခံထားရသောလူများ ပြန်လည်လွှတ်မြောက်ရေးအတွက် အပစ်ခတ်ရပ်စဲရေး သဘောတူညီမှုများရရှိရန် ကြိုးပမ်းမည်ဖြစ်သော်လည်း သဘောတူညီမှုမရလျှင် တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း အစ္စရေးအစိုးရအဖွဲ့တွင်ပါဝင်နေသော ဝန်ကြီးတစ်ဦးက ပြောသည်။
အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲရပ်တန့်စေဖို့ တွေ့ဆုံဆွေးနွေးရန် တွန်းအားပေးမှုများ မြင့်တက်နေချိန်တွင် အစ္စရေးအစိုးရအဖွဲ့ဝန်ကြီးဖြစ်သူ ဘန်နီဂန်ဇ့်က ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။
၎င်းသည် ယခင်တုန်းက ကာကွယ်ရေးဝန်ကြီးဟောင်းတစ်ဦးဖြစ်ပြီး လက်ရှိအချိန်တွင် အစ္စရေးအစိုးရအဖွဲ့တွင် ဝန်ကြီးတစ်ဦးအဖြစ် ပါဝင်နေသူဖြစ်သည်။
အစ္စရေး ကာကွယ်ရေးဝန်ကြီးဟောင်း ဘန်နီဂန့်ဇ်က “ ပြန်ပေးဆွဲခံရသူတွေ အမြန်ဆုံးပြန်လွှတ်မြောက်စေဖို့ စာချုပ်အသစ်တွေချုပ်ဆိုသွားမယ်။ ပြန်ပေးဆွဲခံရသူတွေ အမြန်ဆုံးပြန်လွှတ်မြောက်စေဖို့ တိုးတက်မှုတွေရှိလာဖို့ ကတိပြုပါတယ်။ ပြန်ပေးဆွဲခံရသူတွေ ပြန်လွှတ်မြောက်ရေးအတွက် နည်းလမ်းရှာဖွေမှုတွေကို ရပ်တန့်သွားမှာပါ။ ပြန်ပေးဆွဲခံရသူတွေ အမြန်ဆုံးပြန်နိုင်မယ့်အခွင့်ရေးကို လွှဲချော်အောင် ဘယ်တော့မှလုပ်ဆောင်မှာမဟုတ်ဘူး။” ဟု ပြောသည်။
ကုလသမဂ္ဂအဖွဲ့အပါအဝင် နိုင်ငံတကာအဖွဲ့စည်းများက အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ဖြစ်ပွားနေသောစစ်ပွဲကို အဆုံးသတ်နိုင်ရန် ၊အပစ်ခတ်ရပ်စဲရန် တိုက်တွန်းတောင်းဆိုနေကြောင်း သိရသည်။
အစ္စရေးအစိုးရသည် လက်ရှိအချိန်တွင် ပြန်ပေးဆွဲခံရသူများ အမြန်ဆုံးပြန်လွှတ်မြောက်စေရန် ကြိုးပမ်းဖို့ အစ္စရေးနိုင်ငံသားများက တိုက်တွန်းတောင်းဆိုသည်။
အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ဖြစ်ပွားနေသောစစ်ပွဲသည် ၄ လကျော်ကြာမြင့်လာနေပြီး၊ လူပေါင်း ၃ သောင်းနီးပါး သေဆုံးထားကြောင်း သိရသည်။
ပြီးခဲ့သောရက်ပိုင်းက ကျင်းပခဲ့သော ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးတွင် ဂါဇာစစ်ပွဲအပစ်ခတ်ရပ်စဲရန် တောင်းဆိုခဲ့သော်လည်း အမေရိကန်နိုင်ငံက ငြင်းဆန်ပယ်ချခဲ့ကြောင်း သိရသည်။
ကောင်းထက်ငွေ
alarabiya.net/News
ဖမ်းဆီးခံရသူများပြန်လွှတ်မြောက်ရေး ဟားမက်နှင့် သဘောတူညီမှုအသစ်ရရှိရန် ကြိုးပမ်းမည်ဟု အစ္စရေးအစိုးရ ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်