ဖမ်းဆီးခံရခိုင်လူငယ်များ အမြန်ဆုံးပြန်လွှတ်​ပေးနိုင်ရန် သက်ဆိုင်ရာသို့ တိုက်တွန်း​နေ​ကြောင်း ရခိုင်အမျိုးသားကွန်ရက်(ANN)​ ဆို

ရန်ကုန်၊ မတ် ၂၁

ရန်ကုန်မြို့အတွင်း ပြီးခဲ့သည့်ရက်ပိုင်းက ဖမ်းဆီးစစ်​ဆေးခံ​နေရသည့် ရခိုင်လူငယ်များအား အမြန်ဆုံးပြန်လွှတ်​ပေးနိုင်ရန် သက်ဆိုင်ရာတာဝန်ရှိသူများအား တိုက်တွန်း​နေ​ကြောင်း ရခိုင်အမျိုးသားကွန်ရက်(ANN)မှ တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

“ ပြီးခဲ့တဲ့ရက်ပိုင်းက ရန်ကုန်မြို့ကို ​ရွှေ့​ပြောင်း​ရောက်ရှိလာတဲ့ ရခိုင်လူငယ်​တွေကို ဖမ်းဆီးစစ်​ဆေးခံ​နေရတာ​​တွေ ရှိခဲ့တယ်လို့ လူမှုကွန်ရက်စာမျက်နှာထက်မှာ ဖတ်ရမိပါတယ်။ ဖမ်းဆီးခံရတဲ့ မိသားစုဝင်​တွေလည်း ဆက်သွယ်လာတာရှိခဲ့ပါတယ်။ အဲဒီအ​ခြေအ​​နေ​တွေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာကို ကျွန်​တော်တို့ ရခိုင်အမျိုးသားကွန်ရက်ရုံးမှာ အစည်းအ ဝေးတစ်ရပ်ကိုပြုလုပ်ပြီး အမြန်ဆုံးပြန်လွှတ်​ပေးဖို့ ​ဆောင်းဆိုထားပါတယ်။” ​ဟု ရခိုင်အမျိုးသားကွန်ရက်(ANN)မှ တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

ရခိုင်အမျိုးသားကွန်ရက်(ANN)ရုံးတွင် အစည်းအဝေးကျင်းပစဥ်က ရခိုင်ပြည်နယ်သို့ ပြန်ရန်စီစဥ်​နေကြသူ ရွှေ့ပြောင်းလုပ်သား ရခိုင်လူငယ်တချို့ကို ဖမ်းဆီးစစ်ဆေးနေမှုများအား ဥပဒေနှင့်မငြိစွန်းပါက ပြန်လွှတ်ပေးနိုင်ဖို့ ဆောင်ရွက်​နေ​ကြောင်း၊ သက်ဆိုင်ရာက စီစဥ်​ဆောင်ရွက်​ပေး​နေ​ကြောင်း သိရသည်။

ထို့ပြင် ဖမ်းဆီးခံရ ရခိုင်လူငယ်များအ​ရေးနှင့် စပ်လျဥ်းပြီး ရခိုင့်ရေးရာလူပုဂ္ဂိုလ်များ၊ နိုင်ငံရေးပါတီအသင်းအဖွဲ့များနှင့် ထပ်မံတွေ့ဆုံညှိနှိုင်း​ရေးများ ဆက်လက်အ​ကောင်အထည်​ဖော်သွားမည်ဖြစ်​ကြောင်း အဆိုပါအစည်းအ​ဝေး၏ ဆုံးဖြတ်ချက်အရ သိရသည်။

ထို့​နောက် ဖမ်းဆီးခံရ ရခိုင်လူငယ်များ၏ မိသားစုဝင်များ စိုးရိမ်မှုမရှိအောင် သက်ဆိုင်ရာရှေ့နေများနှင့် စုံစမ်းမေးမြန်းမှုများကို ပြုလုပ်​ပေးသွားမည်ဖြစ်​ကြောင်း သိရသည်။

မြင့်မြတ်​အောင်မြင်

ဓါတ်ပုံ – ရခိုင်အမျိုးသားကွန်ရက်(ANN)

ဖမ်းဆီးခံရခိုင်လူငယ်များ အမြန်ဆုံးပြန်လွှတ်​ပေးနိုင်ရန် သက်ဆိုင်ရာသို့ တိုက်တွန်း​နေ​ကြောင်း ရခိုင်အမျိုးသားကွန်ရက်(ANN)​ ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.