အော်စလို၊ အောက်တိုဘာ ၆
အီရန်အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူ နာဂက်စ် မိုဟမ်မာဒီသည် ၂၀၂၃ ခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုရှင်အဖြစ် ရွေးချယ်ခံရကြောင်း သိရသည်။
နိုဘယ်ဆုရွေးချယ်ရေးကော်မတီက အသက် ၅၁ နှစ်အရွယ်ရှိ နာဂက်စ် မိုဟမ် မာဒီသည် အီရန်နိုင်ငံရှိ အမျိုးသမီးများ ဖိနှိပ်ခံရမှုများကို တိုက်ဖျက်နိုင်ရန် ကြိုးပမ်းနေသူဖြစ်သလို လူအခွင့်ရေးနှင့် လွတ်လပ်ခွင့်များအတွက် ကြိုးပမ်းအားထုတ်ခဲ့သူဖြစ်ကြောင်း ပြောသည်။
နိုဘယ်ဆုရွေးချယ်ရေးကော်မတီ ဥက္ကဌဖြစ်သူက “ မိုဟမ်မာဒီဟာ အမျိုးသမီးအခွင့်ရေးအတွက် ရုန်းကန်မှုများကို အားပေးထောက်ခံခဲ့သူ ဖြစ်ပါတယ်။” ဟု ပြောသည်။
မိုဟမ်မာဒီသည် အီရန်ဂျာနယ်လစ်တစ်ဦးဖြစ်သည့်အပြင် လူအခွင့်အရေးတက်ကြွလှုပ်ရှားသူ အမျိုးသမီးတစ်ဦးဖြစ်ကြောင်း၊အမျိုးသမီးများအခွင့်အရေး လှုပ်ရှားမှုများနှင့် သေ ဒဏ်ဖျက်သိမ်းရေး လှုပ်ရှားမှုများကို ဦးဆောင်ကြိုးပမ်းခဲ့သူလည်းဖြစ်ကြောင်း သတင်းများကဆိုသည်။
မိုဟမ်မက်ဒီသည် အစိုးရဆန့်ကျင့်ရေး ဝါဒဖြန့်ချီမှုများကြောင့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတွင် ဖမ်းဆီးခံရပြီး စွဲချက်တင်ခံရကာ ထောင်ဒဏ် ၁၀ နှစ် ပြစ်ဒဏ်ချမှတ်ခံထားရသူ ဖြစ် သည်။
မိုဟမ်မာဒီသည် အကျဉ်းကျနေချိန်အတွင်း ငြိမ်းချမ်းရေးနိုဘယ်ဆု ရွေးချယ်ခံရခြင်းကြောင့် ထောင်ဒဏ်ကျချိန်အတွင်း နိုဘယ်ငြိမ်းချမ်းရေးဆုကို ရယူနိုင်သော လေးဦးမြောက်အ ဖြစ် သမိုင်းစံချိန်တင်နိုင်ခဲ့သည်။
အာဏာပိုင်များ၏ ဖမ်းဆီးထိန်းသိမ်းခံရချိန် သို့မဟုတ် ထောင်ဒဏ်ကျနေချိန်အတွင်း နိုဘယ်ဆု ရွေးချယ်ခံရသူများထဲတွင် ဂျာမနီနိုင်ငံသား Carl von Ossietzky က ပထမဆုံးဖြစ် ပြီး ဒေါ်အောင်ဆန်းစုကြည်က ဒုတိယမြောက်ဖြစ်ကာ တရုတ်နိုင်ငံသား Liu က တတိယမြောက်ဖြစ်ကြောင်း သိရသည်။
မိုဟမ်မာဒီသည် နိုဘယ်ငြိမ်းချမ်းရေးကို ရယူနိုင်ခဲ့သော ဒုတိယမြောက် အီရန်အမျိုးသမီးတစ်ဦးဖြစ်သလို ကမ္ဘာတဝှမ်းတွင် နိုဘယ်ဆုရရှိသော ၁၉ ဦးမြောက်အမျိုးသမီးဖြစ်သည်။
ကောင်းထက်ငွေ
dantri-com-vn.translate.goog
ဖမ်းဆီးခံထားရသော အီရန်တက်ကြွလှုပ်ရှားသူ အမျိုးသမီး နိုဘယ်ငြိမ်းချမ်းရေးဆု ရရှိ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်