ပွင့်ဖြူမြို့တွင် လူနှစ်ဦးကို ငွေစက္ကူအတုများ၊ ငွေစက္ကူ အတုပြုလုပ်သည့်စက်များနှင့် အတူ ဖမ်းမိ

ပွင့်ဖြူ၊ သြဂုတ် ၃၁

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်တွင် လူနှစ်ဦးကို ငွေစက္ကူအတုများ၊ ငွေစက္ကူအတုများပြုလုပ်ရာတွင် အသုံးပြုသည့်စက်များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ သိရသည်။

သြဂုတ် ၃၀ ရက်၊ ယမန်နေ့ မနက်ပိုင်းက ပွင့်ဖြူမြို့ရှိ စတိုးဆိုင်တစ်ဆိုင်တွင် ဈေးဝယ်နေသည့်အမျိုးသားတစ်ဦးအား ငွေစက္ကူအတု ၁၀,၀၀၀ ကျပ်တန် ၃၀ ရွက်နှင့်အတူ ရဲတပ်ဖွဲ့ ဝင်များက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ အမျိုးသားကို စစ်ဆေးချက်များအရ ပွင့်ဖြူမြို့နယ်၊ ရှောက်တောကျေးရွာရှိ နေအိမ်တစ်လုံးကို ဝင်ရောက်ရှာဖွေစစ်ဆေးရာ နေအိမ်အတွင်း၌ အမျိုးသမီးတစ်ဦးကို ငွေ စက္ကူအတုပြုလုပ်ရာတွင်အသုံးပြုသည့် စက်အပါအဝင် ငွေစက္ကူအတုကျပ် ၁၀,၀၀၀ တန်နှင့် ကျပ် ၅၀၀၀ တန် ရွက်ရေ ၄၀၀ ကျော်နှင့်အတူ ထပ်မံပြီးဖမ်းဆီးရမိခဲ့ကြောင်း သိ ရသည်။

“ မနေ့က ဖမ်းမိတာ။ တစ်ဦးကို ဈေးထဲကနေ ဖမ်းမိရင်းကနေ နောက်ထပ်တစ်ဦးကို ထပ်မိတာပါ။ နှစ်စလုံးကို ဥပဒေနဲ့ အညီစစ်ဆေးနေတယ်။” ဟု တာဝန်ရှိသူတစ်ဦးက ပြော သည်။

အဆိုပါ ငွေစက္ကူအတုများ၊ ငွေစက္ကူအတုလုပ်ဆောင်သည့် စက်များနှင့်အတူ ဖမ်းမိသူနှစ်ဦးအား ပွင့်ဖြူမြို့မရဲစခန်းမှ(ပ)၃၄/၂၀၂၃၊ နိုင်ငံတော်ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆ တို့ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

#ဝဏ္က

#ယနေ့ခေတ်

ပွင့်ဖြူမြို့တွင် လူနှစ်ဦးကို ငွေစက္ကူအတုများ၊ ငွေစက္ကူ အတုပြုလုပ်သည့်စက်များနှင့် အတူ ဖမ်းမိ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.