ပြီးခဲ့သည့်ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ကန်ဒေါ်လာ သန်း ၇၀၀ နီးပါးသာရရှိ

ရန်ကုန်၊ မေ ၅

ပြီးခဲ့သည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် တစ်နှစ်တာကာလအတွင်း ပြည်တွင်းသို့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၇၀၀ နီးပါးသာရရှိထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့်အချက်အလက်အရ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် တွင် FDI ပမာဏ အမေရိကန်ဒေါ်လာ ၆၉၀.၁၈၉ သန်းသာရှိခဲ့ကြောင်း သိရသည်။

“ ပြည်ပရင်းနှီးမြှုပ်နှံမှုက သိပ်မလာကြဘူး။ အဓိက နယ်မြေလုံခြုံရေးကိုကြည့်ကြတာ။ နယ်မြေဒေသလုံခြုံမှုမရှိတော့ သိပ်မလာကြဘူး။ ရင်းနှီးမြှုပ်နှံမှုက အရင်ထက် ၆၀ ရာခိုင်နှုန်း‌နည်းသွားတယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

အသစ်ဝင်ရောက်လာသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍက အမေရိကန်ဒေါ် လာ ၃၅၇ သန်းကျော်ဖြင့် အများဆုံးဝင်ရောက် ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။

အလားတူ ကုန်ထုတ်လုပ်မှုကဏ္ဍ၌ ကန်ဒေါ်လာ ၁၈၂.၇ သန်း၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍ၌ ဒေါ်လာ ၈၇.၇ သန်း၊ ဝန်ဆောင်မှုကဏ္ဍ၌ ဒေါ်လာ ၅၁ သန်း၊ စွမ်းအင် ကဏ္ဍ၌ ဒေါ်လာ ၈.၅ သန်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်း၌ ဒေါ်လာ ၂.၆၅ သန်းနှင့် စိုက်ပျိုးရေးကဏ္ဍ၌ ၀.၅၂ သန်း ဝင်ရောက်ခဲ့ကြောင်း သိရသည်။

#စုစု

#ယနေ့ခေတ်

ပြီးခဲ့သည့်ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ကန်ဒေါ်လာ သန်း ၇၀၀ နီးပါးသာရရှိ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.