ရန်ကုန်၊ ဧပြီ ၁၄
ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ သင်္ကြန်အကြတ်နေ့နှင့် အတတ်နေ့တွင် လမ်းလျှောက်သင်္ကြန် ပြုလုပ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ လမ်းလျှောက်သင်္ကြန်ကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
“ အကြတ်နေ့နဲ့ အတတ်နေ့ကို လမ်းလျှောက်သင်္ကြန်လုပ်ပေးသွားမယ်။ အကြိုနေ့နဲ့ အကျနေ့မှာ စတုဒီသာကျွေးနေပါတယ်။ ကလေးတွေတော့ ရေလာကစားကြတယ်” ဟု ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးအချို့တွင် လူပေါင်းထောင်ချီသေ ဆုံးခဲ့သည်။ ထို့ကြောင့် ရန်ကုန်တွင် သင်္ကြန်ပွဲတော်ကို တိတ်တဆိတ်သာကျင်းပသွားရန် ရည်ရွယ်ထားခြင်းဖြစ်သည်။
ပြင်းထန်ငလျင်ဘေးအန္တရာယ်ကြောင့် နေပြည်တော်ကောင်စီနယ်မြေ၊ စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် ပြည်သူအချို့ သေဆုံးထိခိုက်ဒဏ်ရာရ နစ်နာဆုံးရှုံးမှုတွေကို ကြုံတွေ့နေရသည့်အတွက် ယခုနှစ်မြန်မာ့ရိုးရာသင်္ကြန်ကို ရိုးရာယဉ်ကျေးမှုနှင့်အညီ အေးချမ်းသာယာသောသင်္ကြန်အဖြစ် ကျင်းပသွားမည်ဖြစ်ကြောင်း နစက ဥက္ကဌက ပြောကြားထားသည်။
သတင်း – #စုစု
ဓာတ်ပုံ – ယနေ့ခေတ်
ပုံစာ – ၂၀၂၄ ခုနှစ်၊ ပြည်သူ့ရင်ပြင်မှ လမ်းလျှောက်သင်္ကြန်
ပြည်သူ့ရင်ပြင်တွင် လမ်းလျှောက်သင်္ကြန်ပြုလုပ်မည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်