ပြည်ပအလုပ်အကိုင်အေဂျင်စီတစ်ခုလျှင် လူ ၁၀ ဦးသာခွင့်ပြုမည် ဟုဆို

ရန်ကုန်၊ မတ် ၂၄

အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတဆင့် တောင်ကိုရီးယားသို့ လုပ်သားစေလွှတ်ရာတွင် အေဂျင်စီတစ်ခုလျှင် လူ ၁၀ ဦးသာခွင့်ပြုမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

ယခင်က အေဂျင်စီတစ်ခုလျှင် တောင်ကိုရီးယားသို့ အလုပ်သမား ၂၀ ဝန်းကျင်စေလွှတ်ခွင့်ရခဲ့ရာမှ ယခုအခါ လူ ၁၀ ဦးသာခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

“ မျှော်လင့်ချက်ကတော့ မရှိတော့ဘူး။ ပြည်ပအလုပ်ထွက်လုပ်တာကို သူတို့ကပြင်းပြင်းထန်ထန်တင်းကြပ်နေတဲ့ သဘော။ အခုဆိုရင် ထွက်ဖို့က မလွယ်တော့ဘူး။ ဒုက္ခရောက်ရ တာပေါ့။” ဟု ပြည်ပထွက်ရန် စောင့်ဆိုင်းနေသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့ မတိုင်မီ Demand Letter တင်ပြထားသည့် မြန်မာအေဂျင်စီများအနေဖြင့် လူဦးရေ ၁၀ ဦးထက်ပိုသော Demand Letter များကို ၁၀ ဦးအတိ ဖြင့် မတ်လ ၂၅ ရက်နေ့မှစ၍ ပြင်ဆင်တင်ပြရန် အသိပေးထားသည်။

ထို့ပြင် ကိုရီးယားသမ္မတနိုင်ငံ၏ Demand Letter အသစ်တင်ပြခြင်းကို ၂၀၂၅ ခုနှစ်၊ မေလ ၂ ရက်နေ့မှသာ စတင်လက်ခံဆောင်ရွက်ပေးမည်ဖြစ်ကြောင်းလည်း အသိပေးထား သည်။

အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ထိုင်းနှင့် ဂျပန်ကိုစေလွှတ်မည့် လုပ်သားအရေအတွက်ကို ကန့်သတ်လျှော့ချ ပြီးနောက် ကိုရီးယားသို့စေလွှတ်မည့် လုပ်သားအရေအတွက်ကိုပါ ထပ်မံလျှော့ချလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

#စုစု

ဓာတ်ပုံ – Myanmar Embassy of soul

#ယနေ့ခေတ်

ပြည်ပအလုပ်အကိုင်အေဂျင်စီတစ်ခုလျှင် လူ ၁၀ ဦးသာခွင့်ပြုမည် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.