ပြည်ပသို့ ရေထွက်ကုန်တင်ပို့မှုပမာဏ လျော့ကျနေဆဲဖြစ်သော်လည်း ယခုနှစ်တွင် ကန်ဒေါ်လာ သန်း ၈၀၀ နီးပါးရရှိရန် မျှော်မှန်းထား

ရန်ကုန်၊ အောက်တိုဘာ ၃၀

ယခုဘဏ္ဍာနှစ်တွင် ပြည်ပသို့ ရေထွက်ကုန်တင်ပို့မှုမှ ကန်ဒေါ်လာ သန်း ၈၀၀ နီး ပါးရရှိရန် မျှော်မှန်းထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

ပြည်ပသို့ ရေထွက်ကုန်ပစ္စည်းတင်ပို့မှုမှ နှစ်စဉ်ကန်ဒေါ်လာ သန်း ၇၀၀ ကျော်ရရှိအောင် ဆောင်ရွက်နိုင်ခဲ့သော်လည်း ကာလတူနှိုင်းယှဉ်ပါက ယခုနှစ်တွင် လျော့ကျနေဆဲဖြစ်‌သည်။

သို့ရာတွင် ယခုနှစ်အတွက် ကန်ဒေါ်လာသန်း ၈၀၀ နီးပါးရရှိရန် မျှော်မှန်းထားကြောင်း သိရသည်။

“ နှစ်စဉ် ရေထွက်ကုန်တင်ပို့မှုကနေ ကန်ဒေါ်လာ သန်း ၇၀၀ လောက်ရရှိအောင် ဆောင်ရွက်ပေးနေတာ။ ကိုဗစ်အလွန်မှာလည်း အဲ့လောက်ပမာဏရအောင် တင်ပို့နိုင်ခဲ့တယ်။ အများကြီးလျော့ကျသွားတာမရှိပါဘူး။” ဟု ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်ရွှေက ပြောသည်။

ပြည်ပသို့ ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှတစ်ဆင့် တင်ပို့နေခြင်းဖြစ်ကြောင်း၊ ရေချိုနှင့် ရေငန်နှစ်မျိုးတင်ပို့ပြီး ရေချိုတွင် ငါးမြစ်ချင်း၊ ငါးတန်နှင့် ငါးကြင်းကို အဓိကတင်ပို့‌ကာ၊ ရေငန်တွင် ငါးအမျိုးအစား ၂၅ မျိုးကို တင်ပို့ခြင်းဖြစ်ကြောင်း သိရသည်။

စုစု

ဓာတ်ပုံ – အင်တာနက်

#ယနေ့ခေတ်

ပြည်ပသို့ ရေထွက်ကုန်တင်ပို့မှုပမာဏ လျော့ကျနေဆဲဖြစ်သော်လည်း ယခုနှစ်တွင် ကန်ဒေါ်လာ သန်း ၈၀၀ နီးပါးရရှိရန် မျှော်မှန်းထား အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.