ပြည်ပ​ရောက် မြန်မာ​ရွှေ့​ပြောင်းလုပ်သားများ၏ ပြန်ပို့ငွေမတင်ပြနိုင်​သော အေဂျင်စီ ၄၀ ကို အရေးယူမည်

ရန်ကုန်၊ မတ် ၁၁

ပြည်ပရောက် မြန်မာ​ရွှေ့​ပြောင်းလုပ်သားများ၏ ပြန်ပို့ငွေအထောက်အထား မတင်ပြနိုင်​သော အေဂျင်စီ ၄၀ ခုကို မတ် ၁၁ ရက်၊ နောက်ဆုံးထားပြီးမတင်ပြနိုင်လျှင် အလုပ်ခေါ်စာ(Demand Letter) အသစ်တင်ပြခွင့်ကိုဆိုင်းငံ့ပြီး ဒဏ်ကြေးပါပေးဆောင်ရမှာဖြစ်​ကြောင်း အလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အလားတူ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတွင် ပြည်ပ​ရောက် မြန်မာ​ရွှေ့​ပြောင်းလုပ်သားများ၏ ပြန်ပို့ငွေစာရင်း မပြနိုင်​သော အေဂျင်စီ ၁၄၆ ခုကို ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ခဲ့​ကြောင်း သိရသည်။

“ ပြည်ပ​စေလွှတ်တဲ့ အလုပ်သမားစေအပေါ်မှာ မူဝါဒ​တွေ မျိုးစုံပြောင်းလဲနေတာကြောင့် အခက်အခဲတွေအများကြီးနဲ့ ​တွေ့ကြုံ​နေရပါတယ်။ အေဂျင်စီတွေ အကုန်လုံးနီးပါးက အ ဆင်မပြေတော့ပါဘူး။ အလုပ်သမားဝန်ကြီးတွေ အသစ်ပြောင်းလဲလာတိုင်းလည်း မူဝါဒတွေက ပြောင်းလဲလာပါတယ်။ တစ်ယောက်တစ်မူလိုကို ဖြစ်နေတာပါ။” ဟု ပြည်ပ​ပို့​ဆောင်​ရေးအေဂျင်စီတစ်ခုက ​ယ​​နေ့​ခေတ်သို့ ​ပြောသည်။

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်တွင် အခွန်မဆောင်သည့်အတွက် ပြည်ပအလုပ်အကိုင်ရှာ​ဖွေ​ရေး အေဂျင်စီ ၁၂၃ ခုကို လုပ်ငန်းလုပ်ကိုင်ခွင့် ဆိုင်းငံ့ခံခဲ့ရ​ကြောင်း သိရသည်။

ပြည်ပရောက် မြန်မာ​ရွှေ့​ပြောင်းလုပ်သားများ၏ လုပ်ခလစာအနက်မှ ၂၅ ရာခိုင်နှုန်းကို တစ်လချင်း(သို့မဟုတ်) သုံးလတစ်ကြိမ် တရားဝင်ဘဏ်စနစ်မှတဆင့်လွှဲပို့ရန် ညွှန်ကြားထားပြီး မလိုက်နာလျှင် အဆိုပါအလုပ်သမားကို ပြည်ပထွက်ခွင့် သုံးနှစ်ပိတ်မည်ဖြစ်​ကြောင်း အလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

#မြင့်မြတ်​အောင်မြင်

ဓာတ်ပုံ – Myanmar Embassy, Seoul

ယနေ့ခေတ်

ပြည်ပ​ရောက် မြန်မာ​ရွှေ့​ပြောင်းလုပ်သားများ၏ ပြန်ပို့ငွေမတင်ပြနိုင်​သော အေဂျင်စီ ၄၀ ကို အရေးယူမည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.