ပြည်ပရောက်အလုပ်သမားများ၏ လုပ်ခလစာတင်ပြခြင်းမရှိသည့် အေဂျင်စီများကို စိစစ်သွားမည် ဟုဆို

ရန်ကုန်၊ ဒီဇင်ဘာ ၁၆

၂၀၂၄ ခုနှစ်အတွင်း ပြည်ပသို့သွားရောက် အလုပ်လုပ်နေသော်လည်း မိသားစုထံသို့ ငွေလွှဲပို့ထားခြင်းမရှိသည့် အလုပ်သမားများ၏ အေဂျင်စီများကို စိစစ်သွားမည်ဖြစ်ကြောင်း အလုပ်သမာဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

မေလမှ သြဂုတ်လအထိ ပြည်ပသို့စေလွှတ်ခဲ့သည့် အလုပ်သမား ၅၆,၈၆၀ ဦး၏ မိသားစုထံငွေလွှဲပို့မှုအခြေအနေ၊ အထောက်အထားများကို ယနေ့ ဒီဇင်ဘာ ၁၆ ရက်မှစတင်ပြီး စိစစ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ အလုပ်သမားတွေကို ငွေလွှဲဖို့ပြောရမှာက ကိုယ်တွေအလုပ်မဟုတ်ဘူး။ အလုပ်သမားပဲ စေလွှတ်တာ။ အလုပ်သမားတွေက တဖက်လုပ်ငန်းခွင်ကို ရောက်သွားပြီဆိုရင် သူတို့သ ဘောနဲ့သူတို့ အလုပ်ပြောင်းသွားကြတာတွေရှိတယ်။ ဘယ်လိုလိုက်ဆက်သွယ်မလဲ။ လုပ်ခလစာ စာရင်းတင်ပြဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး” ဟု ပြည်ပသို့ လုပ်သားစေလွှတ်သည့်အေဂျင်စီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

အဆိုပါလုပ်သား ၅၀,၀၀၀ ကျော်ကို ပြည်ပအလုပ်အကိုင်အေဂျင်စီ ၄၂၉ ခုမှ စေလွှတ်ခဲ့ခြင်းဖြစ်ပြီး၊ ၎င်းတို့အထဲမှ တစ်ရက်လျှင် အေဂျင်စီ ၅၀ ခုစီ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်ပရောက်အလုပ်သမားများ၏ လုပ်ခလစာ ၂၅ ရာခိုင်နှုန်းကို တရားဝင်လမ်းကြောင်းကမလွှဲပါက နိုင်ငံကူး လက်မှတ် သက်တမ်းတိုးပြုလုပ်ပေးမည်မဟုတ်ဘဲ ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ်(OWIC) ကိုလည်း ထုတ်ပေးမည်မဟုတ်ကြောင်း သိရသည်။

#စုစု

ဓာတ်ပုံ – Myanmar Embassy of Soul

#ယနေ့ခေတ်

ပြည်ပရောက်အလုပ်သမားများ၏ လုပ်ခလစာတင်ပြခြင်းမရှိသည့် အေဂျင်စီများကို စိစစ်သွားမည် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.