ဘန်ကောက်၊ ဇွန် ၈
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က ၎င်းသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသော်လည်း လက်ရှိအချိန်တွင် ပြန်လည်သက်သာကောင်းမွန်လာသည့်အတွက် စွဲချက်များကို ရင်ဆိုင်သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။
သက်ဆင်သည် ဝန်ကြီးချုပ်အဖြစ်တာဝန်ယူချိန်အတွင်း စည်းမျဉ်းခံဘုရင်စနစ်ကို ဝေဖန်တိုက်ခိုက်ခြင်းများရှိခဲ့သည်ဆိုသော စွပ်စွဲမှုများကို ရင်ဆိုင်နေရပြီး ယင်းအမှုကိုရင်ဆိုင်ရ မည်ဖြစ်သည်။
ထိုင်းအစိုးရရှေ့နေများက သက်ဆင်ကို ပြီးခဲ့သောသီတင်းပတ်တွင် စွဲချက်တင်လိုက်ကြောင်း၊ သို့သော်လည်း သက်ဆင်သည် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ကူးစက်ခံနေရသည့်အ တွက် တရားရုံးသို့ဆင့်ခေါ်နိုင်ခြင်းမျိုးမရှိခဲ့ကြောင်း ပြောသည်။
သက်ဆင်က “ ကျွန်တော်ဟာ လက်ရှိအချိန်မှာ ပြန်လည်သက်သာကောင်းမွန်နေတယ်။” ဟု ပြောသည်။
သက်ဆင်သည် အမှုရင်မဆိုင်လိုသည့်အတွက် ထိုင်းနိုင်ငံအတွင်းမှ နောက်ထပ်တစ်ကြိမ် ပြည်ပထွက်ပြေးခဲ့ကြောင်း သတင်းများလည်း ပြီးခဲ့သောရက်ပိုင်းတွင် ထွက်ပေါ်ခဲ့သည်။
သက်ဆင်သည် ၂၀၁၅ ခုနှစ်က တောင်ကိုရီးယားမီဒီယာများနှင့် တွေ့ဆုံအင်တာဗျူးချိန်အတွင်း ထိုင်းဘုရင်စနစ်ကိုဝေဖန်သည့်စကားများ ပြောဆိုခဲ့ကြောင်း စွပ်စွဲချက်များထွက်ပေါ်နေသည်။
ထိုင်းဝန်ကြီးချုပ် ဆီရက်သာတာဗီဆင်က သက်ဆင်သည် နိုင်ငံအတွင်းမှထွက်ပြေးမည်မဟုတ်ဘဲ အမှုကိုရင်ဆိုင်မည်ဖြစ်ကြောင်း၊ သက်ဆင်သည် ပြည်ပတွင် ကာလအတန်ကြာနေထိုင်နေရသည့်အတွက် နောက်ထပ်တစ်ကြိမ် ပြည်ပထွက်ပြေးမည်မဟုတ်ကြောင်း ပြောသည်။
သက်ဆင်သည် ပြီးခဲ့သောလတွင် ပြည်ပြေးအဖြစ်မှထိုင်းနိုင်ငံသို့ပြန်လာခဲ့ကာ အမှုများကိုရင်ဆိုင်ခဲ့ပြီး ချမှတ်ခံထားရသောပြစ်ဒဏ်များကို ခံယူခဲ့ကြောင်း သိရသည်။
ကောင်းထက်ငွေ
thaipbsworld.com
ပြည်ပထွက်ပြေးမည်မဟုတ်ဘဲ စွဲချက်များကိုရင်ဆိုင်မည်ဟု သက်ဆင် ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်