ရန်ကုန်၊ ဒီဇင်ဘာ ၁၀
ဆန်ပြည်ပသို့ဆန်တင်ပို့သည့်ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလက အမှုဖွင့်အရေးယူထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဥက္ကဌ ဦးရဲမင်းအောင်က ပြောသည်။
ပြီးခဲ့သည့်ဇူလိုင်လအတွင်း ဆန်ရောင်းဝယ်သူ ၁၁ ဦးကို အရေးယူပြီးနောက်ပိုင်း ထပ်မံအရေးယူခံရသူများနှင့်ပတ်သက်၍ မေးမြန်းရာတွင် ၎င်းကအထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
“ ၂၀၂၄ ဇူလိုင်မှာ ဆန်လုပ်ငန်းရှင် ၇ ဦးနဲ့ စျေးအရောင်းအဝယ်စင်တာ Supermarket များမှ ၄ ဦး၊ စုစုပေါင်း ၁၁ ဦး ကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေဖြင့် သိုလှောင်စျေးနှုန်းမြှင့်တင်ရောင်းချမှုကြောင့် အရေးယူခဲ့ပါတယ်။ ဒီနောက်ပိုင်း ၂၀၂၄ နိုဝင်ဘာမှ ဆန်ပြည်ပတင်ပို့သည့်ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးကို အမှုဖွင့်ထားပြီး တရားရုံးမှာ အမှုရင်ဆိုင်ဖြေရှင်းနေဆဲဖြစ်ပါတယ်။ ကျန်တာမရှိပါ။” ဟု ၎င်းကဆိုသည်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် ပြည်တွင်းစားသုံးသည့်ဆန်များဖြစ်သည့် ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ် ဆန်း၊ ဧရာမင်း၊ ဧရာပဒေသာ၊ မဂျမ်းတော၊ မနောသုခ စသည့်ဆန်အမျိုးအစားများကို သိုလှောင်ဈေးကစားခြင်းမပြုလုပ်ရန် အသိပေးထားသည်။
#စုစု
ဓာတ်ပုံ – myantrade
ပြည်ပဆန်တင်ပို့သူတစ်ဦးကို အရေးယူထား အတွက် မှတ်ချက်များ 0 ခုရှိပါတယ်