ပြည်နယ်နှင့် တိုင်းဒေသကြီးအချို့တွင် နေ့အပူချိန်မြင့်တက်လာနိုင်

ရန်ကုန်၊ မတ် ၁၀

မတ်လ ၁၀ ရက်မှ ၁၄ ရက်အတွင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းမြောက်ပိုင်းတွင် အမြင့်ဆုံးအပူချိန် ၄၀°C အထက်အထိ မြင့်တက်လာနိုင်ကြောင်း ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်က မတ်လ ၉ ရက်နေ့တွင် ၎င်း၏လူမှုကွန်ရက်တွင် ရေးသားထားသည်။

ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းအတွင်း တပ်ဆင်ထားသည့် GSM Weather Station များကရရှိသည့် real-time data တွင် ခံစားရသည့်အပူချိန်(Temperature Felt) သည် ၄၃°C အထိ မြင့်တက်လာခဲ့ပြီး အပူချိန်တိုင်း sensor များကရရှိသည့်အပူချိန်မှာ အမြင့်ဆုံး ၃၉°C အထိရှိကြောင်း သိရသည်။

“ ရာသီဥတုက တော်တော်ပူတယ်။ နေလို့တောင်မရဘူး။ ၁၀ နာရီကနေ ၄ နာရီထိဆိုရင် ရေချိုးလို့မကောင်းတော့ဘူး။ ဆင်ခြင်ရတယ်။ ဒါတောင် နွေမရောက်သေးဘူး။ နွေဆိုရင် ဘယ်လောက်ပူလိုက်မလဲမသိဘူး။” ဟု ရန်ကုန်မြို့တွင်နေထိုင်သူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ထို့ပြင် မြန်မာနိုင်ငံအထက်ပိုင်းနှင့် အလယ်ပိုင်း မိုးနည်းရေရှားဒေသများ၏ အမြင့်ဆုံးအပူချိန်သည် ၄၀°C အောက်မှာသာ ဆက်လက်ရှိနေနိုင်ပြီး အနိမ့်ဆုံးအပူချိန်သည် ၂၀°C အောက် ဆက်လက်ရှိနေနိုင်ကာ အအေးဓာတ်ရှိနေဦးမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် မြင့်တက်လာနိုင်သည့်အပူချိန်ကို သတိထားဆင်ခြင်နိုင်ရန် ဦးဝင်းနိုင်ကသတိပေးထားသည်။

သတင်း- #စုစု

ဓာတ်ပုံ- ယနေ့ခေတ်

#ယနေ့ခေတ်

ပြည်နယ်နှင့် တိုင်းဒေသကြီးအချို့တွင် နေ့အပူချိန်မြင့်တက်လာနိုင် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.