ပြည်တွင်းသို့ ပြည်ပခရီးသွားဧည့်သည် ဝင်ရောက်မှု တိုးတက်လာခြင်းမရှိ ဟုဆို

ရန်ကုန်၊ ဒီဇင်ဘာ ၉

ယခုနှစ်ခရီးသွားရာသီတွင် ပြည်ပခရီးသွားဧည့်သည်များ အားရစရာကောင်းလောက်အောင် တိုးတက်ဝင်ရောက်လာခြင်းမရှိကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောသည်။

“ အခုချိန်ကတော့ ပြည်ပခရီးသွားတက်တာက ပွင့်လင်းရာသီဖြစ်တဲ့အတွက် ပုံမှန်လာနေတဲ့ သဘောပါပဲ။ အားရစရာကောင်းလောက်အောင်တော့ မတက်လာသေးပါဘူး။ ဒါပေမဲ့ ပြည်ပခရီးသွားက ထိုင်းနိုင်ငံကနေပြီးတော့ ဝင်ရောက်လာတာလည်းရှိသလို၊ ရုရှားနိုင်ငံကနေ ဝင်ရောက်လာတာတွေလည်းရှိတယ်။ မျှော်မှန်းထားသလောက် အများကြီးတော့ မဟုတ်ဘူး။” ဟု ၎င်းကဆိုသည်။

ထို့ပြင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာလအထိ၊ ၁၀ လအတွင်း မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သည့် နိုင်ငံခြားသားခရီးသွားဧည့်သည် တစ်သန်းကျော်ရှိခဲ့ကြောင်း၊ ပြည်ပခရီးသွားအများစုသည် နယ်စပ်ဒေသမှတဆင့် နိုင်ငံအတွင်းသို့ ဝင်ရောက်လာခြင်းဖြစ်ပြီး၊ နယ်စပ်ဒေသနှင့် လေဆိပ်တို့မှ ခရီးသွားဝင်ရောက်မှုကိုကြည့်ပါက အားရစရာ ကောင်းလောက်သည့် အခြေအနေမရှိကြောင်း သိရသည်။

ယခုနှစ် ခရီးသွားရာသီတွင် ပြည်ပခရီးသွားဧည့်သည် ငါးသိန်းမှ တစ်သန်းအထိ မျှော်လင့်ထားသော်လည်း လက်ရှိအချိန်အထိ ရန်ကုန်လေဆိပ်မှတဆင့် ဝင်ရောက်သည့် ခရီးသည် နှစ်သိန်းကျော်လောက်သာရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

#စုစု

ဓာတ်ပုံ – UMTA

#ယနေ့ခေတ်

ပြည်တွင်းသို့ ပြည်ပခရီးသွားဧည့်သည် ဝင်ရောက်မှု တိုးတက်လာခြင်းမရှိ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.