ပြည်တွင်းရွှေဈေး မြင့်တက်နေသော်လည်း အရောင်းအဝယ်မရှိဟု YGEA ‌အသင်းဥက္ကဋ္ဌ ဆို

ရန်ကုန်၊ ဒီဇင်ဘာ ၄

ကမ္ဘာ့ရွှေဈေးမြင့်တက်မှုကြောင့် ပြည်တွင်းရွှေဈေး မြင့်တက်နေသော်လည်း ဈေးကွက်အတွင်း အရောင်းအဝယ်မရှိကြောင်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင် များအသင်းမှ သိရသည်။

“ သူက ကမ္ဘာ့ရွှေဈေးတတ်လို့ လိုက်တတ်တာပဲရှိတယ်။ အရောင်းအဝယ်က မရှိဘူး။ တော်တော်ပါးတယ်။” ဟု ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးမျိုးမြင့်က ယနေ့ခေတ်သို့ ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၃၀ ရက်တွင် ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၂၀၄၅ ဖြစ်ခဲ့ပြီး၊ မြန်မာနိုင်ငံတွင် အခေါက်ရွှေ တစ်ကျပ်သား ၃,၆၆၀,၀၀၀ ရှိခဲ့ခြင်းဖြစ် သည်။

ယနေ့ ဒီဇင်ဘာလ ၄ ရက်တွင် ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် ၂၀၈၆ ဒေါ်လာဖြစ်ပြီး၊ မြန်မာနိုင်ငံတွင် အခေါက်ရွှေတစ်ကျပ်သား ၃,၇၀၀,၀၀၀ ကျပ်အထိ မြင့်တက်ခဲ့ခြင်းဖြစ် သည်။

ထို့ပြင် YGEA အသင်း၏ ရည်ညွှန်းဈေးသည်လည်း ကမ္ဘာ့ရွှေဈေး မြင့်တက်မှုကြောင့် အခေါက်ရွှေတစ်ကျပ်သားလျှင် ၃,၂၈၁,၉၀၀ အထိရှိလာကြောင်း သိရသည်။

ထို့အပြင် ကမ္ဘာ့ရွှေဈေး မြင့်တက်နေသည့်အတွက် ပြည်တွင်းရွှေစျေးနှုန်း မြင့်တက်နေခြင်းဖြစ်ပြီး အမေရိကန်ဒေါ်လာငွေနှင့် ကျပ်ငွေလဲလှယ်နှုန်းမှာလည်း ယခုရက်ပိုင်းတွင် ဈေးနှုန်းမြင့်တက်ခြင်းမရှိကြောင်း သိရသည်။

ရွှေစျေးနှုန်းသည် ပြီးခဲ့သည့် ဩဂုတ်လအတွင်း အမြင့်ဆုံးစျေးနှုန်းဖြစ်သည့် အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်သိန်း ၄၀ အထိ ရောက်ရှိခဲ့ပြီးနောက် တဖြည်းဖြည်း ပြန်လည်ကျ ဆင်းလာကာ စက်တင်ဘာလနှင့် အောက်တိုဘာလကုန်ပိုင်းအတွင်း ၃၄ သိန်းကျပ်ဝန်းကျင်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

#စုစု

Photo: CNBC

#ယနေ့ခေတ်

ပြည်တွင်းရွှေဈေး မြင့်တက်နေသော်လည်း အရောင်းအဝယ်မရှိဟု YGEA ‌အသင်းဥက္ကဋ္ဌ ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.