ရန်ကုန်၊ ဧပြီ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၅၇ လမ်း၊ ၁၂၆ လမ်းနှင့် ၁၂၇ လမ်းတွင် ဧပြီ ၁၂ ရက်၊ နံနက် ၇ နာရီက မီနီအိုးဝေမောင်းနှင်သည့် အမျိုးသားတစ်ဦး ပြင်ပဒဏ်ရာမရှိ သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း ရွှေမဉ္ဇူ လူမှုကူညီရေးအသင်းမှ သိရသည်။
“ မီနီအိုးဝေမောင်းတဲ့ အမျိုးသားတစ်ဦး ၅၇ လမ်း၊ ၁၂၆ နဲ့ ၁၂၇ လမ်းမှာ ပြင်ပဒဏ်ရာမရှိဘဲ သေဆုံးနေတယ်ဆိုပြီး အကြောင်းကြားလာတာကြောင့် သွားရောက်ကူညီခဲ့တာပါ။ သေ ဆုံးသူအမျိုးသား အသက်ခန့်မှန်း ၃၅ နှစ်လောက်ရှိမယ်။” ဟု ရွှေမဉ္ဇူ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
အဆိုပါ မီနီအိုးဝေမောင်းနှင်သူအမျိုးသားသည် အသက် ၃၅ နှစ်အရွယ်ရှိပြီး၊ MDY-17U 9050 မီးနီအိုးဝေကို မောင်းနှင်သူဖြစ်ပြီး သက်ဆိုင်ရာမိဘဆွေမျိုးများသိရှိရန် ရွှေမဉ္ဇူ လူမှုကူညီရေးအသင်းက အကူအညီတောင်းခံထားကြောင်း သိရသည်။
လက်ရှိ သေဆုံးသူ၏ ရုပ်အလောင်းကို ပြည်ကြီးတံခွန်မြို့နယ် ပြည်သူ့ဆေးရုံကြီးရှိ ရေခဲတိုက်သို့ ပို့ဆောင်ထားကြောင်းနှင့် သေဆုံးသူနှင့်ပတ်သက်၍ စစ်ဆေးချက်အရ ပြင်ပ ဒဏ်ရာမရှိဘဲ အပူရှိန်ကြောင့် သေဆုံးရခြင်းဖြစ်နိုင်ကြောင်း ဆရာဝန်များ၏ စစ်ဆေးချက်အရ သိရသည်။
မြင့်မြတ်အောင်မြင်
ဓါတ်ပုံ – ရွှေမဉ္ဇူလူမှုကူညီရေးအသင်း
ပြည်ကြီးတံခွန်တွင် မီနီအိုးဝေမောင်းသူ အမျိုးသားတစ်ဦး ပြင်ပဒဏ်ရာမရှိ သေဆုံးနေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်