ရန်ကုန်၊ ဇန်နဝါရီ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၌ လင်မယားနှစ်ယောက်ရန်ဖြစ်ရာမှ မိန်းမဖြစ်သူ ဓားထိုးခံပြီး၊ ပြင်းထန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ယနေ့ နံနက်က ပြင်ဦးလွင်မြို့၊ နောင်ခမ်းကြီး (၂၀) ရပ်ကွက်တွင် လင်မယားနှစ်ယောက်ရန်ဖြစ်ရာမှ အမျိုးသားက မိန်းမကို ဓားဖြင့်ထိုးလိုက်ခြင်းကြောင့် မိန်းမဖြစ်သူမှာ လည်ပင်း နှင့် မေးဖျားတို့တွင် ပြင်းထန်ဒဏ်ရာများရရှိကာ ဒဏ်ရာမှာ စိုးရိမ်ရကြောင်း ဒေသခံတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
“ကျွန်တော်တော့သိရသလောက်တော့ လင်မယားနှစ်ယောက်ရန်ဖြစ်တယ်။ အမျိုးသားက အမျိုးသမီးကို ဓားနဲ့ထိုးလိုက်တာ လည်ပင်နဲ့ မေးဖျားတော့ထိသွားတယ်။ အမျိုးသမီးက တော့ စိုးရိမ်ရတဲ့အခြေအနေပါ။ အသက်က ၁၈ နှစ်လောက်တော့ရှိပါပြီ။ ဘယ်ကနေစဖြစ်တာလည်းဆိုတာတော့ ကျွန်တော်တို့လည်း သေချာမသိပါဘူး။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ဒဏ်ရာရရှိသူ အမျိုးသမီးကို ဒေသခံလူမှုကူညီရေးအသင်းမှ ပြင်ဦးလွင် ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ချစ်ချစ်ခိုင်
ဓာတ်ပုံ-သန္တသုခ အခမဲ့လူမှုကူညီရေးအသင်း
ယနေ့ခေတ်
ပြင်ဦးလွင်မြို့၌ ဓားထိုးမှုဖြစ်ပွား အမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရာရရှိ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်